Amhattaya | Episode 32 - Dr. Nanda Kyaw Swar / ဘယ်လိုအချိန်မှာ စိတ်ကျန်းမာရေးအကူအညီမျိုးတွေ လိုအပ်လဲ
Amhattaya
0:00 / 0:00
Amhattaya | Episode 32 - Dr. Nanda Kyaw Swar / ဘယ်လိုအချိန်မှာ စိတ်ကျန်းမာရေးအကူအညီမျိုးတွေ လိုအပ်လဲ
8 405 просмотров · 1 год назад
Amhattaya
43,9 тыс. подписчиков
8 405 просмотров · 1 год назад
Amhattaya | It's Okay Not to be Okay - Dr. Nanda Kyaw Swar | Episode 32 / အမှတ်တရ podcast | ဘယ်လိုအချိန်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီမျိုးတွေ လိုအပ်လဲ
Hello everyone! October is World Mental Health Month, and throughout this month and into November, we’ll be dedicating a series of episodes to the important topic of mental health.
We all experience challenges in life, and sometimes, these challenges can affect our mental wellbeing. But it’s important to remember, it’s okay not to be okay. In this episode, we are joined by Dr. Nanda Kyaw Swar, a psychiatrist from Honest Hour, an organisation dedicated towards offering well-being services to help people live healthier, fulfilling lives. We will be discussing ways to improve mental health, including identifying when you need help and how to find it.
Topics discussed in this episode include:
Stigma and Perceptions Surrounding Mental Health
How to Identify Signs of Distress
How to Assess Our Mental Health
Misconceptions around Mental Health
Holistic Approach Towards Mental Health
If you're feeling overwhelmed or facing difficult emotions, or if someone you know might benefit from support, Honest Hour can help. Visit Honest Hour [to tag Facebook page] for information about their workshops, camps, classes and activities. You can also download the “Honest Hour” mobile application available on Google Play and App Store.
Useful resources around mental health and well-being:
Emotional health: https://tinyurl.com/fs2yuw9s
Promoting well-being: https://tinyurl.com/26wmd97h
Managing stress and anxiety: https://tinyurl.com/bdhzpp62
Mental health & wellbeing: https://tinyurl.com/2xvk77vr
Honest Hour’s online resources: https://www.honesthourmm.com/
Please share this video and the online resources with anyone who might benefit from this information, and let's work together to break down the stigma surrounding mental health.
အားလုံးပဲ မင်္ဂလာပါ။ အောက်တိုဘာလဟာဆိုရင် ကမ္ဘာ့စိတ်ကျန်းမာရေးလ ဖြစ်တာကြောင့် ဒီအောက်တိုဘာလကနေစပြီး နိုဝင်ဘာလအထိ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အကြောင်းအရာခေါင်းစဉ်တွေအကြောင်း ဆွေးနွေးပြောကြားပေးသွားမယ့် Episode တွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
အားလုံးရဲ့ ဘဝမှာ အခက်အခဲအတားအဆီးဆိုတာ ကြုံတွေ့ရစမြဲပါပဲ။ အခက်အခဲစိန်ခေါ်မှုတွေကို ကြုံရတာမဆန်းပေမယ့် တစ်ချို့အခက်အခဲတွေက လူကို စိတ်ဓာတ်ကျသွားစေလောက်တဲ့အထိ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမှတ်တရ အစီအစဉ်ကနေပေးချင်တဲ့ မက်ဆေ့ချ်လေးကတော့ “It’s Okay Not to Be Okay” ဆိုတဲ့အကြောင်းလေးပါ။ ဒီနေ့မှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်လိုအချိန်မှာ ကိုယ့်ကို ကူညီမယ့် ကမ်းလက်တစ်စုံလိုအပ်နေတာလဲနဲ့ ဘယ်လိုအကူအညီမျိုးတွေကို လိုအပ်နေတာလဲဆိုတဲ့အကြောင်းတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ အမှတ်တရအစီအစဉ်မှာ လာရောက်ဆွေးနွေးပေးသွားသူကတော့ လူအများ ပိုမိုကျန်းမာပြီး ပြည့်စုံပျော်ရွှင်တဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ Honest Hour ဆိုတဲ့ အဖွဲ့အစည်းရဲ့ Psychiatrist ဖြစ်တဲ့ ဒေါက်တာ နန္ဒကျော်စွာပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ကိုယ့်အတွက် အကူအညီယူသင့်လဲနဲ့ အကူအညီကို ဘယ်လိုရယူရမလဲစတဲ့ အကြောင်းအရာတွေအပါအဝင် ကိုယ့်ရဲ့စိတ်ကျန်းမာရေးလေး ကောင်းမွန်ဖို့ နည်းလမ်းတွေအကြောင်း ဆွေးနွေးပြောကြားထားပါတယ်။
ဒီအပိုင်းလေးမှာ ဆွေးနွေးပေးသွားတာတွေကတော့
စိတ်ကျန်းမာရေးအပေါ်မှာ ထားရှိတဲ့ ပတ်ဝန်းကျင်ရဲ့သဘောထား၊
ကိုယ်စိတ်ဖိစီးနေပြီဆိုတာကို ဘယ်လိုသိရှိနိုင်မလဲ၊
ကိုယ့်ရဲ့စိတ်ကလေး ကျန်းမာနေလားဆိုတာ ဘယ်လိုလေ့လာမလဲ၊
စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်အယူအဆအမှားတွေ
စိတ်ကျန်းမာရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှု (Holistic Approach)
စိတ်ညစ်နေတာပဲဖြစ်ဖြစ်၊ စိတ်ထဲမှာနေလို့မကောင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်အသိမိတ်ဆွေတစ်ဦးဦးက အကူအညီလိုအပ်နေတာပဲဖြစ်ဖြစ် Honest Hour ကကူညီပေးနိုင်ပါတယ်။ Honest Hour ကနေပြုလုပ်တဲ့ workshop တွေ၊ camp တွေ၊ class တွေနဲ့ activity တွေအကြောင်းအသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ Honest Hour Facebook Page မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ Google Play နဲ့ App Store မှာလည်း Honest Hour ရဲ့အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
စိတ်ကလေး ကျန်းမာချမ်းသာစေဖို့အတွက် ဖတ်ရှုလေ့လာသင့်တဲ့အရာများ -
စိတ်ခံစားချက်နဲ့ပတ်သက်လာရင် - https://tinyurl.com/fs2yuw9s
စိတ်ချမ်းသာသုခတွေ ရရှိနိုင်ဖို့ - https://tinyurl.com/26wmd97h
စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုကို ဘယ်လိုထိန်းချုပ်မလဲ - https://tinyurl.com/bdhzpp62
စိတ်ကလေး ကျန်းမာချမ်းသာဖို့ - https://tinyurl.com/2xvk77vr
Honest Hour ရဲ့အွန်လိုင်းဝက်ဘ်ဆိုက် - https://www.honesthourmm.com/
အခု Online resources တွေနဲ့ ဗီဒီယိုလေးကို လိုအပ်တဲ့သူတွေနဲ့ မျှဝေပေးပြီး စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆအမှားတွေကို အတူတူတိုက်ထုတ်လိုက်ရအောင်။
“အမှတ်တရ” ရဲ့ အစီအစဉ်တွေကို Facebook, YouTube နဲ့ TikTok စာမျက်နှာတွေမှာ ကြည့်ရှုနားဆင်နိုင်ပြီးတော့ အသံသီးသန့်နားဆင်ချင်တယ်ဆိုရင်တော့ Spotify မှာ “Amhattaya” လို့ ရိုက်ရှာပြီး နားဆင်နိုင်ပါတယ်။
Like & Subscribe:
Youtube: / @amhattayamm
Like & Follow:
Facebook: / amhattayamm
TikTok: www.tiktok.com/@amhattayamm
Listen to Amhattaya:
Spotify: https://podcasters.spotify.com/pod/sh...
#amhattaya #podcast #mentalwellness #mentalwellbeing #myanmar