Перейти к содержимому

ကျမ်းမြတ်ကုရ်အာန် ကိုဘယ်လိုလေ့လာဆည်းပူးကြမလဲ(အပိုင်း 2) | قُرْءَانٌ

Kyaw Win Official Channel

0:00 / 0:00

ကျမ်းမြတ်ကုရ်အာန် ကိုဘယ်လိုလေ့လာဆည်းပူးကြမလဲ(အပိုင်း 2) | قُرْءَانٌ

872 просмотра · 1 г. назад
Kyaw Win Official Channel
1,07 тыс. подписчиков
872 просмотра · 1 г. назад
ကုရ်အာန်ကျမ်းတော်မြတ်မှ အသိပညာ ဗဟုသုတများ ရရှိကြပြီး ထိုးထွင်းသိမြင်နားလည်မှုများ ရရှိကာ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ပါစေ။ ထို့ကြောင့် ကျွန်ုပ်၏ချန်နယ်ကို စာရင်းသွင်းပြီး ကျွန်ုပ်၏ဗီဒီယိုများကို တတ်နိုင်သမျှ မျှဝေပါ။ အရဗီစာပေကို ကိုယ်တိုင် သင်ယူပြီး၊ နားလည်အောင် လုပ်မယ့်သူတွေအတွက် ဘာတွေ ပြင် ဆင်ထားဖို့ လိုသလဲ။ 1. ပထမဆုံး အရဗီသဒ္ဒါကို လေ့လာ ဆည်းပူးရမယ်။ အရဗီဝေါဟာရအရ အရဗီသဒ္ဒါကို (أَجْرُوْمِيَّةٌ) ‘အဂျ်ရူ မိယဟ်’ လို့ ခေါ်တယ်။ (أَجْرُوْمِيَّةٌ) ‘အဂျ်ရူမိယဟ်’ မှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ တပိုင်းက (نَحْوٌ) ‘နဟ်ဝ်’ (နဟူ-ပေါ့)။ (نَحْوٌ) ‘နဟ်ဝ်’ ဆိုတာက “ဝါကျ ဖွဲ့ထုံး” ဆိုလိုတာက ဝါကျ တကြောင်းမှာ နာမ်ကို ဘယ်မှာထား မလဲ။ ကြိယာက ဘယ်မှာ ရှိရမလဲ။ ဝိဘတ်သွယ်ဖို့ လိုမလား။ ဘယ်နေရာမှာ ပစ္စည်းကို သုံးမလဲ။ နာမ်စားက ဘယ်မှာ ရှိရမလဲ အစရှိတာတွေကို သိမြင် နားလည်တာ။ ဒါကို (نَحْوٌ) ‘နဟ်ဝ်’ ဘာသာရပ်လို့ ခေါ်တယ်။ နောက်တပိုင်းက (صَرْفٌ) ‘ဆရ်ဖှ်’ (ဆရဖှ်-ပေါ့)။ (صَرْفٌ) ‘ဆရ်ဖှ်’ ဆိုတာက “စကားလုံးဗေဒ” ကို ပြော တာ။ စကားလုံးတလုံးကို မြင်လိုက်တာနဲ့ ဒီစကားလုံးရဲ့ ဇာစ်မြစ်ကို သိတာ။ ပြီးတော့ ဝါကျထဲ သုံးနှုန်းထား တဲ့ စကားလုံးတွေကို နာမ်၊ ကြိယာ၊ ဝိဘတ်၊ ပစ္စည်း၊ စကားဆက်၊ ကြိယာနာမ်၊ ဆင့်ပွားနာမ်၊ ဆင့်ပွားကြိယာ စတာတွေကို ခွဲခြားတဲ့ ဘာသာရပ်ဖစ်ပါတယ်။ 2.အရဗီအဘိဓာန် ဘာသာရပ်ကို တတ်သိ နားလည်ဖို့ လို့တယ်။ အရဗီအဘိဓာန်မှာ ကုရ်အာန်ချမှတ်စဉ်က အရဗ်တွေ အသုံးပြုတဲ့ အဓိပ္ပာယ်တွေ ပါဝင်တဲ့ အဘိဓာန်တွေကို အထူးပြု လေ့လာဖို့လိုတယ်။ ခက်တာက မြန်မာဘာသာနဲ့ အစ အဆုံး ပြန်ထားတဲ့ ကုရ်အာန်အဘိဓာန် ကျွန်တော်တို့မှာ မရှိဘူး။ ဒီကွက်လပ်ကို ဖြည့် ပေးဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အရဗီလို ပြုစုထားတဲ့ ကုရ်အာန်အဘိဓာန်တွေ ရှိတယ်။ ပြီးတော့ အုရ်ဒူလိုနဲ့ အင်္ဂလိပ်လို ပြုစုထားတဲ့ ကုရ်အာန်အဘိဓာန်တွေလည်း ရှိပါတယ်။ ဒီနေရာမှာ အဘိဓာန် မလိုအပ် ဘူးဆိုတဲ့ အယူအဆတခုလည်း ရှိသေးတယ်။ မှတ်ထားရမှာက မိခင်ဘာသာစကား မဟုတ်တဲ့ ဘယ်ဘာသာ စကားကို ဖြစ်ဖြစ် လေ့လာမယ်ဆိုရင် သက်ဆိုင်ရာ ဘာသာစကားရဲ့ အဘိဓာန်ကို မဖြစ်မနေ၊ မလွဲမသွေ လေ့လာဖို့ လိုကြောင်း စာပေနဲ့ ဘာသာစကားကို နားလည်တဲ့လူတိုင်းက လက်ခံထားတယ်။ စင်စစ်မှာ အဘိဓာန်ဆိုတာက မတူညီတဲ့ ဘာသာစကားနှစ်ခုကို ပေါင်းကူးပေးတဲ့ တံတားပါ။ တခါတရံမှာ မိမိပြောဆို နေတဲ့ မိခင်ဘာသာစကားအတွက်တောင် အဘိဓာန် ဖွင့်ကြည့်ရတယ်။ ဒါကို စာရေးဆရာတိုင်း ကြုံကြရမှာ ပါ။ သတိပြုရမှာက ခေတ်ကာလ ကြာလာတာနဲ့အမျှ ဘယ်ဘာသာစကားရဲ့ အဘိဓာန်မှာမဆို နောက်တိုး အဓိပ္ပာယ်တွေ ထည့်ပေးရလေ့ ရှိတယ်။ အဲဒီ့ နောက်တိုးအဓိပ္ပာယ်တွေကို ကုရ်အာန်ဘာသာပြန်တွေထဲ လာထည့်လို့ရှိရင် မူလက ရည်ညွှန်းထားတဲ့ ဆိုလိုရင်းနဲ့ ကွာခြားသွားလိမ့်မယ်။ ကျနော်သာဓက တခုပြမယ်။ ဥပမာ- (صَلَاةٌ) ‘ဆွလာ့ဟ်’ ဆိုတဲ့ အရဗီစကားလုံးကို အရဗီ၊ အုရ်ဒူ အဘိဓာန်တွေမှာ မူလ အဓိပ္ပာယ်များ အပြင် နောက်တိုး အဓိပ္ပာယ်တခုဖြစ်တဲ့ (نماز) ‘နမားဇ်’ ကိုပါ ထည့်သွင်းလာကြတယ်။ တကယ်တော့ နမာဇ် ဆိုတာ ပါရှန်တွေရဲ့ ဝတ်ပြုဆည်းကပ်မှုကို ရည်ညွှန်းတာပါ။ ဒီစကားလုံးက ဖှာရ်စီထက် ပိုပြီး ရှေးကျတဲ့ ပဲဟ်လဝီ ဘာသာစကားပါ။