Перейти к содержимому

ပထမနေ့ (၁.၈.၂၀၂၆) — ၅၇ ကြိမ်မြောက် ဝိပဿနာတရားစခန်း

ဆရာတော် အရှင်ပညာစက္က

0:00 / 0:00

ပထမနေ့ (၁.၈.၂၀၂၆) — ၅၇ ကြိမ်မြောက် ဝိပဿနာတရားစခန်း

1 943 просмотра · 1 месяц назад
ဆရာတော် အရှင်ပညာစက္က
2,59 тыс. подписчиков
1 943 просмотра · 1 месяц назад
ပထမနေ့ (၁.၈.၂၀၂၆) — ၅၇ ကြိမ်မြောက် ဝိပဿနာတရားစခန်း ဆရာတော် အရှင်ပညာစက္က ဗုဒ္ဓအလိုကျ ဝိပဿနာ Day 1 (August 1, 2026) — 57th Vipassana Retreat (Zoom Online) Given by Ashin Pinña Sekka 🌐 Official Website Website: https://buddhaswayvipassana.org/ Live / Join Page: https://buddhaswayvipassana.org/live/ Daily Discussion Page: https://buddhaswayvipassana.org/daily-disc... Monthly Retreat Page: https://buddhaswayvipassana.org/monthly-re... ✅ Join via Zoom အချိန်: 7:30 PM – 9:30 PM (MMT) How to join: Zoom → Join a Meeting → Meeting ID ထည့် → Passcode ထည့်ပါ။ 📺 Watch / Links YouTube    / @aashinpanyarhcakk   Facebook Live Page: https://www.facebook.com/profile.php?id=61... Telegram (Videos): https://t.me/AshinPyannaSekkaVideos ℹ️ Note ဒီ Zoom session သည် Daily Zoom Year-Round Session (နေ့စဉ် Zoom တနှစ်ပါတ်လုံး တရားစခန်း) အချိန်ဇယားအတိုင်း (7:30 PM – 9:30 PM) ဖြင့် တိုက်ရိုက်ကျင်းပပါသည်။ Live link ပြောင်းလဲမှုရှိပါက Telegram pinned message မှာ update လုပ်ပေးပါတယ်။ 🙏 မေတ္တာပို့ — May all beings be happy, healthy, and free. #ရုပ်(ရူပပရိစ္ဆေဒဉာဏ်) 📌 ဝိပဿနာအားထုတ်ရာတွင်သမထယာနိကနည်းနှင့်ဝိပဿနာယာနိကနည်းဟူ၍ နည်းနှစ်နည်းသာရှိကြောင်း၊ပညာအဓိကဖြစ်သောဝိပဿနာယာနိကနည်းဖြင့်ဟောကြားသင်ကြားပေးသွားမည်ဖြစ်ကြောင်း။ 📌 ပရမတ်အရှိတရားသည်စိတ်၊စေတသိက်၊ရုပ်နိဗ္ဗာန်သည်အရှိတရားဖြစ်ခြင်းကြောင့်၎င်းအရှိပရမတ်တရားအပေါ်တွင်သာတရားရှာရမည်ဖြစ်ကြောင်း။ 📌 ပထဝီ၊တေဇော၊အာပေါ၊ဝါယောဓါတ်ကြီးလေးပါးသည်ရုပ်၏သဘာဝပရမတ်အရှိတရားဖြစ်ကြောင်း။ ▶️ ပထဝီ၏သဘာဝသတ္တိ..မာသဘော၊ပျော့သဘော ▶️တေဇော၏သဘာဝသတ္တိ...ပူသဘော၊အေးသဘော ▶️အာပေါ၏သဘာဝသတ္တိ...ယိုစီးသဘော၊ဖွဲ့စည်းသဘော ▶️ဝါယော၏သဘာဝသတ္တိ...တွန်းသဘောကန်သဘော 📌 ဓါတ်ကြီးလေးပါး၏သဘာသတ္တိများအားတပါးစီရှင်းလင်းဟောကြား၍လက်တွေ့ခံစားမှုသဘောဖြင့်ပညတ်(သမုတိသစ္စာ)အသိမှပရမတ်(ပရမတ္ထသစ္စာ)အသိဖြစ်စေရန်ရှင်းလင်းဟောကြားခြင်း။ 📌 တေဇော၊အာပေါ၊ဝါယောဆိုသည့်ဓါတ်သုံးပါးတို့သည်ပထဝီဆိုသောဓါတ်အပေါ်တွင်မှီ၍ဖြစ်နေကြောင်းအားရှင်းလင်းဟောကြားခြင်း။ 📌 နာကျင်ခြင်း၊ကိုက်ခဲခြင်း၊ယားယံခြင်းစသောခန္ဓာတွင်ပေါ်လာသမျှသည်(သမုတိသစ္စာအသိ) ပညတ်အသိများသာဖြစ်ကြောင်း၊ အမှန်သိရမည်မှာ၎င်းတို့သည်ဓါတ်ကြီးလေးပါးဖေါက်ပြန်နေသောသ‌ဘောပရမတ်အသိ(ပရမတ္ထသစ္စာအသိ)ဖြစ်ကြောင်း။ 📌အာနာပါနကမ္မဌါန်း၊ဖေါင်းပိန်ကမ္မဌါန်းအားရှုမှတ်ရာတွင် ဓါတ်ကြီးလေးပါး၏သဘောများပါဝင် နေပုံအားရှုမှတ်တတ်စေရန်ရှင်းလင်းဟောကြားခြင်း။ #Crd_DawWinWinMar