Перейти к содержимому

အသားအရည်ကောင်းဖို့ တ​နေ့ အချိန် ၅ မိနစ်ပဲ ပေးပါ

Doctor P Myanmar

0:00 / 0:00

အသားအရည်ကောင်းဖို့ တ​နေ့ အချိန် ၅ မိနစ်ပဲ ပေးပါ

11 386 просмотров · 1 год назад
Doctor P Myanmar
50,2 тыс. подписчиков
11 386 просмотров · 1 год назад
အသားအရည်ကောင်းဖို့ဆိုတာ တကယ်တော့ လွယ်ပါတယ် ပိုက်ဆံတွေ အများကြီး အချိန်တွေ အများကြီး မကုန်ပဲ ကောင်းမွန်လှပတဲ့ အသားအရေ ရနိုင်တယ်လို့ တွေးဖူးပါသလား?? ကိုယ်သဘောကျတဲ့ မင်းသားမင်းသမီးတွေ ရဲ့ အသားအရေ မျိုးတွေ ရဖို့ အိပ်မက် မက်ဖူးပါသလား?? အသားအရေ ကြည်လင်လှပဖို့ဆိုတာက ထင်ထားတာထက် အများကြီး ရိုးရှင်းပါတယ်။ အရင်ကတော့ ကျွန်မလည်း အသားအရေ ကောင်းဖို့ဆိုတာ မလွယ်ဘူးလို့တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ လွယ်ကူမှန်းသိလာပါတယ်။ အသားအရေ ကောင်းဖို့ဆိုရင် ရှုပ်ထွေးတာတွေ အများကြီး လုပ်နေဖို့ မလိုပါဘူး။ ဒီနေ့ video ထဲမှာတော့ ရိုးရှင်းပြီး ထိရောက်တဲ့ အကြံပြုချက်လေးတွေ ပြောပြထားပါတယ်။ ဒါကြောင့် ကျန်းမာပြီး လှပတဲ့ အသားအရေကို လွယ်လွယ်ကူကူနဲ့ ရအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီ video လေးကို အဆုံးထိကြည့်သွားပေးပါဦးနော်။ အသားအရေ ကောင်းဖို့အတွက် ဆိုရင် အဆင့် ၁၀ ဆင့်လောက် ပါတဲ့ အသားအရေထိန်းနည်းတွေ လုပ်နေစရာ မလိုပါဘူး။ အခြေခံအချက်တွေ ဖြစ်တဲ့ မျက်နှာသစ်တာ၊ ရေဓာတ်ထိန်းသိမ်းတာနဲ့ အရေ့ပြားကို ကာကွယ်ပေးတာတွေ လုပ်ရင် ရပါပြီ။ ဒီလိုလုပ်ဖို့အတွက်လည်း ရေးကြီးတဲ့ brand အကောင်းတွေ ကို ပိုက်ဆံအများကြီး သုံးပြီး ဝယ်နေစရာ မလိုပါဘူး။ ဆေးဆိုင်တွေ၊ supermarket တွေ အများစုမှာ ဈေးသက်သာပြီး ကောင်းတဲ့ brand တွေအများကြီးရှိပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ ပစ္စည်းကို ရှာဝယ်ပြီး ပုံမှန်သုံးဖို့ အရေးကြီးတာပါ။ နေ့တိုင်းမနက်တစ်ခါ ညမအိပ်ခင် တစ်ခါမျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ သေချာ သစ်ဖို့မမေ့ပါနဲ့။ ဒါက မျက်နှာက အဆီတွေ၊ အညစ်အကြေးတွေ ပိတ်နေတာကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါက အလွန်ရိုးရှင်းပေမယ့် တကယ်ဘဲ ထိရောက်ပါတယ်။ ပြီးရင်တော့ moisturizer လိမ်းပြီးအရေပြားရဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးရပါမယ်။ ဒီလိုလုပ်တာက အသားအရေခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်က မိတ်ကပ်လိမ်းတယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့ brush တွေကို လည်းပုံမှန် သန့်စင် ပေးဖို့ မမေ့ပါနဲ့။ ဒီ brush တွေကနေ bacteria တွေ ပေါက်ဖွားလာပြီး အရေပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ နောက်ပြီး မျက်နှာကို လည်း လက်နဲ့ ခဏခဏ မကုတ်သင့်ပါဘူး။ လက်က အညစ်အကြေးတွေ နဲ့ bacteria တွေ မျက်နှာကို အလွယ်တကူ ရောက်နိုင်လို့ပါ။ #အသားအရည် #အသားအရည်ကောင်းဖို့ Doctor P + Healthy Clicks Telegram channel - https://t.me/healthyclickers Doctor P Facebook Page - https://www.facebook.com/profile.php?... For business purpose, please contact - healthzone2222@gmail.com Disclaimer - This video is for entertainment purpose only. For your specefic health issue, please contact with your GP or healthcare provider.