Перейти к содержимому

စစ်အုပ်စုအပေါ် အမေရိကန်ရဲ့မူဝါဒ အပြောင်းအလဲ ဘယ်လိုအဖြေထွက်မလဲ | People's Spring

People's Spring

0:00 / 0:00

စစ်အုပ်စုအပေါ် အမေရိကန်ရဲ့မူဝါဒ အပြောင်းအလဲ ဘယ်လိုအဖြေထွက်မလဲ | People's Spring

18 260 просмотров · 4 часа назад
People's Spring
704 тыс. подписчиков
18 260 просмотров · 4 часа назад
စစ်အုပ်စုအပေါ် အမေရိကန်ရဲ့မူဝါဒ အပြောင်းအလဲ ဘယ်လိုအဖြေထွက်မလဲ မဲခေါင် ရေးသားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက သီးခြားခွဲထုတ်ရန်ကြိုးပမ်းခဲ့ကြပါတယ် ။အထူးသဖြင့်အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးပြီးလက်နက်အားကိုးနဲ့ အာဏာ သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်များနဲ့ စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုတွေကို ကန့်သတ်ခဲ့ပါတယ် ။အာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီမူဝါဒဟာ အကြီးအကျယ် ပြောင်းလဲလာနေပါတယ်။ Reuters သတင်းဌာနရဲ့ အထူးသတင်းပေးပို့မှုအရ ဒေါ်နယ်ထရန့် အစိုးရက မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဖေါ်ပြထားပါတယ်။ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နဲ့မြန်မာစစ်အုပ်စုကြားအဆင့်အမြင့်ဆုံးထိတွေ့ဆက်ဆံမှုတစ်ခုဖြစ်လာပါတယ် ။ ဒီအပြောင်းအလဲက သာမန် သံတမန်ရေး လှုပ်ရှားမှုတစ်ခုသာ မဟုတ်ပါဘူး။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာဥပဒေတွေကို အခြေခံတယ်လို့နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒဟာအခုအခါ အကျိုးစီးပွားကို ဦးစားပေးတဲ့ အရောင်းအဝယ်ဆန်တဲ့ ဆက်ဆံရေးဘက်ကို ရွေ့လျားလာနေတာကို ပြသနေပါတယ်။ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့သုတေသနဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance)ဟာနေပြည်တော်ကို သွားပြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo)လွတ်မြောက်ရေးကိုအဓိကထားခဲ့တာဖြစ်ပေမယ့် အမှန်တကယ်တွင် အဲဒီထက်ပိုမိုကျယ်ပြန့်တဲ့ဆက်ဆံရေးအတွက် တံခါးဖွင့်ပေးလိုက်တဲ့သဘောအဖြစ် ရှုမြင်ရပါတယ်။ မေးစရာမှာ အမေရိကန်အစိုးရအနေနဲ့ဘာအတွက်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ စစ်အုပ်စုနဲ့ အခုလို တိုက်ရိုက်ဆက်ဆံဖို့ ရွေးချယ်ခဲ့ပါသလဲဆိုတဲ့အချက် ဖြစ်ပါတယ် ။ မင်းအောင်လှိုင်ဟာ ဒီနေ့အထိ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အောက်မှာရှိနေဆဲဖြစ်ပါတယ်။ အကြောင်းရင်းမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရစေမှုတွေမှာ တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်အရာရှိ မိုက်ကယ် ဗန့်စ် မြန်မာနိုင်ငံကို လာပြီး နှစ်ပတ်တောင် မပြည့်မီအချိန်မှာ မြန်မာစစ်တပ်က ရခိုင်ပြည် နယ်၊ကျောက်တော်မြို့က လူစည်ကားတဲ့ဈေးတစ်ခုကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၆၀ ခန့်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေတွေအောက်မှာတောင် အမေရိကန်အစိုးရက စစ်အုပ်စုနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်တာဟာ မြန်မာပြည်သူတွေအတွက်သာမက နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများအတွက်ပါ အလွန်အန္တရာယ်ရှိတဲ့ အချက်ပြမှုတစ်ခု ဖြစ်လာပါတယ်။ အကြမ်းဖက်မှုတွေ မရပ်မနားကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေ နဲ့ စီးပွားရေးအကျိုးအမြတ်အတွက်ပဲကြည့်ပြီး ဆက်ဆံရေးတည်ဆောက်တာဟာ အဲဒီအာဏာပိုင်တွေကို နိုင်ငံရေးအရအသက်ရှူခွင့်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတွေဟာ နေ့စဉ်ရက်ဆက် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ဖမ်းဆီးမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာ အင်အားကြီးဒီမိုကရေစီနိုင်ငံတစ်ခုက စစ်အုပ်စု နဲ့ တံခါးပိတ်ဆွေးနွေးမှုတွေပြုလုပ်တာဟာ ဘယ်လိုသတင်းစကားကိုပေးနေသလဲ ဆိုတာအလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်လာပါတယ် ။ အမေရိကန်အစိုးရဘက်ကတော့ စစ်အုပ်စုနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံရေးကို ရပ်တန့်လိုက်တာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တိုမီ ပိဂေါ့တ် (Tommy Pigott) က အမေရိကန်အနေဖြင့် မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနေပြီး၊ အကြမ်းဖက်မှုတွေမရပ်တန့်ရန် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို ဆက်လက်တောင်းဆိုနေတယ်လို့ဆိုပါတယ်။ သူက “ပြဿနာတွေကို လျစ်လျူရှုထားရုံနဲ့ မဖြေရှင်းနိုင်ပါဘူး။ ဖြေရှင်းချက်ရှာမှပဲ ပြဿနာတွေ ပြေလည်မှာပါ” လို့အကြောင်းပြပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်ဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှုရှိပါသလားဆိုတာကိုတော့ စဉ်းစားရမည့်အချက် ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ အဓိကပြဿနာဟာ စစ်အုပ်စုနဲ့မဆွေးနွေးခဲ့လို့ မဟုတ်ပါဘူး။အဓိကပြဿနာမှာ စစ်အုပ်စုက ပြည်သူလူထုရဲ့ ဆန္ဒကို လက်နက်အားကိုးပြီး ဖိနှိပ်ဖို့ရွေးချယ်ခဲ့ခြင်းသာဖြစ်ပါတယ် ။ ဒါကြောင့် ဒီမိုကရေစီကို ဖျက်ဆီးထားတဲ့ စစ်အုပ်စုနဲ့ “ပြဿနာဖြေရှင်းရေး” ဆိုတဲ့ အမည်နဲ့ တရားဝင်သဘောဆန်တဲ့ ဆက်ဆံရေးတည်ဆောက်ခြင်းဟာ ပြဿနာရဲ့ အရင်းခံကို မဖြေရှင်းဘဲ အာဏာသိမ်းသူတွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုမိုခိုင်မာစေနိုင်တဲ့ အန္တရာယ်တောင် ရှိနေပါတယ်။ အမေရိကန်နဲ့စစ်အုပ်စုကြား အခုထိတွေ့ဆက်ဆံမှုရဲ့ အဓိကအကြောင်းရင်းတစ်ခုမှာ အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာလိမ်လည်နေတဲ့မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် (Scam) စခန်းတွေကို တိုက်ဖျက်ရေးလည်း ပါဝင်တယ်လို့ဆိုပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မြန်မာစစ်အုပ်စုနှင့်အမေရိကန် #အမေရိကန်နိုင်ငံခြားရေးမူဝါဒ #မြေရှားသတ္တု #ကျားဖြန့်နှိမ်နင်းရေး #မြန်မာ့နွေဦးတော်လှန်ရေး #USMyanmarPolicy #MyanmarJunta #RareEarthMinerals #CyberScamMyanmar #WhatsHappeningInMyanmar