A Romantic Stay in Mon Jam, Chiang Mai | ချစ်စရာကောင်းတဲ့ ချင်းမိုင်က မွန်းဂျမ် ကို အလည်သွားမယ်
Thiha, the Traveller
0:00 / 0:00
A Romantic Stay in Mon Jam, Chiang Mai | ချစ်စရာကောင်းတဲ့ ချင်းမိုင်က မွန်းဂျမ် ကို အလည်သွားမယ်
15 828 просмотров · 2 года назад
Thiha, the Traveller
62,4 тыс. подписчиков
15 828 просмотров · 2 года назад
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဘက်မှာ ဒီနှစ်ပိုင်းတွေအတွင်း လူသိများလာတဲ့ မွန်းဂျမ်ရွာလေး ဆီကို ခရီးသွားတွေ အာရုံကျနေပါတယ်။ တောင်ပေါ်မြို့လေးအရသာ ပိုမိုခံစားရပြီး သဘာဝစိမ်းစိုနေတဲ့ တောင်တန်းနဲ့ စိုက်ခင်း၊ ပန်းခင်းတွေကြောင့် အပန်းပြေရသလို၊ ထူးခြားတဲ့ တည်းခိုဆောင်လေးတွေမှာ တည်းခိုနေထိုင်ချင်တာကြောင့်လည်း လာရောက်ကြတာ များပါတယ်။ ညနေခင်းမှာ မူကထ အကင်စားရင်း အေးမြတဲ့ရာသီဥတုနဲ့လိုက်ဖက်ခံစားနိုင်သလို မနက်စာအဖြစ်ကျွေးတဲ့ ဒေသစာ ဆန်ပြုတ်ဟာလည်း အရသာရှိလွန်းပါတယ်။ မွန်းဂျမ် ဈေးနဲ့ ပန်ခင်းတွေဆီ သွားရင်း အမှတ်တရပစ္စည်းဝယ်၊ ဓါတ်ပုံရိုက်ကြရတာလည်း ကြည်နူးစရာဖြစ်ရသလို တောင်ပေါ်က သစ်သားကားတွေကို စမ်းသပ်မောင်းနှင်နိုင်တာလည်း အတွေ့အကြုံကောင်းတစ်ခု ဖြစ်တာမို့ ချင်းမိုင်မြို့ကို ရောက်ပြီဆို သွားကို သွားရမယ့် မွန်းဂျမ် ခရီးစဉ်လေး ဖြစ်လာပါတယ်။ မွန်းဂျမ် မှာ ဘာတွေလုပ်လို့ရလဲ၊ ဘယ်မှာနေလို့ရလဲ၊ ဘယ်ကိုလည်လို့ရသလဲ ပြည့်ပြည့်စုံစုံကိုတော့ ဗီဒီယိုထဲမှာ ခံစားကြည့်ရှုနိုင်ပါတယ်ခင်ဗျာ...
.
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် (Thiha, the Traveller)