Перейти к содержимому

1 741 Op Amp အိုင်စီမိတ်ဆက်ခြင်း

Electronic Student

0:00 / 0:00

1 741 Op Amp အိုင်စီမိတ်ဆက်ခြင်း

27 219 просмотров · 6 лет назад
Electronic Student
134 тыс. подписчиков
27 219 просмотров · 6 лет назад
Operational Amplifier အိုင်စီအုပ်စုဝင်များ Operational Amplifier အိုင်စီအုပ်စုဝင် အိုင်စီများတွင် 1. 741 Op-Amp 2. 1458 Dual Op - Amp 3. 339 Quad Comaprator 4. 386 Audio Amplifier ဟူ၍ လုပ်ငန်းဆောင်တာ မတူညီသော ဆားကစ်များအတွတ် အိုင်စီ ၄ မျိုးထုတ်လုပ်ထားရှိလျက်ရှိပါတယ် ။ 741 Op - Amp ( အော့အမ့် ) 741 အိုင်စီကတော့ အများဆုံး အသုံးအများဆုံး Analog IC ပဲဖြစ်ပြီး ချဲ့ကိန်း နှင့် နှိုင်းယှဉ်ခြင်း ကိစ္စရပ်တွေမှာ အများအပြားအသုံးပြုကြပြီး ဈေးလည်း အလွန်ချိုပြီး သင်ခန်းစာ ဆားကစ်အချို့ကို Proteus ဖြင့်တည်ဆောက် ပြထားပါတယ် ။ သူ့ကိုတော့ အသံချဲ့စက်ပိုင်းဖြစ်၍ အကျယ်တဝံပါဝင်မည်မဟုတ်ပဲ Window Comparator အတွတ် အခြေခံ လိုအပ်ခြင်းကြောင်း 741 အိုင်စီအုပ်စုကို ဦးစွာ ဖြေရှင်းရခြင်းလည်းဖြစ်ပေသည် ။ Analog Electronic ဆိုပါကလည်း မမှားပါချေ ။ 1458 Dual Op - Amp 1458 အိုင်စီမှာတော့ 741 အိုင်စီ၏ Op - Amp တြိဂံပုံလေး အတွင်းမှာ ၂ ခုပါဝင်လာပြီး အသုံးများ အိုင်စီတခုလည်းဖြစ်ကြပါတယ် ။ အသံချဲ့စက် အသံအိုင်စီအဖြစ်အသုံးပြုကြပြီး ယင်းအိုင်စီ အစားထိုးမရနိုင်ပါက 741 အိုင်စီ ၂ လုံး ဖြင့် အလွယ်တကူး အစားထိုးလဲလှယ်ခြင်းပြုနိုင်ပါသည် ။ 339 Quad Comparator 339 အိုင်စီ မှာတော့ Comparator ၄ ခုပါဝင်လာပြီး အလွယ်ပြောရလျှင် 741 အိုင်စီ ၄ လုံးကို ထပ်ပေါင်းတည်ဆောက် ထားခြင်း နှင့် အတူတူပင်ဖြစ်ပါတယ် ။ သူ့ကိုတော့ စီးပွားရေးအရ နေရာကျဉ်းကျဉ်းလုပ်ငန်းဆောင်တာ များများ လုပ်ဆောင်နိုင်ရန် အထူးအနေဖြင့်အသုံးပြုကြပါတယ် ။ 386 Audio Amplifier 386 အိုင်စီသည်လည်း အသံချဲ့ရာတွင် အသုံးပြုနိုင်ရန် အထူးအသုံးပြုထားပါတယ် ။ ထူးခြားချက်မှာ 386 သည် အခြားအိုင်စီများကဲ့သို့ အသံချဲ့ရုံ နှိုင်းယှဉ်ရုံသက်သက်မဟုတ်မူပဲ ။ Equalizer ကဲ့သို့ အသံများကိုချိန်ခြင်း ၊ Volume Control ကဲ့သို့ အသံအတိုးအကျယ်လုပ်ခြင်းစတဲ့ အပိုင်းများကိုလည်း ထိန်းချိုပ်နိုင်ပါသေးတယ် ။ ထိုကဲ့သို့ အသံများ အတိုးအကျယ် လုပ်ခြင်း ၊ Equalizer ချိန်ညှိခြင်း အပိုင်းကို Pre Amp အပိုင်းဟုခေါ်ဆိုပြီး ။ အသံချဲ့ပေးခြင်းအပိုင်းကိုတော့ Main Amp ဟုခေါ်ဆိုပါတယ် ။ အကယ်၍များ ဖုန်း Mp3 စက်ငယ်များမှ ထွတ်ရှိတဲ့ အသံအပိုင်းကိုတော့ Driver အပိုင်းလို့ သတ်မှတ်ထားရှိကြပါတယ် ကျမ်းမာကြပါစေ လျှပ်စစ်ကျောင်းသား