အိစက်နေတဲ့ဝက်စတူးအတုံးလိုက်ကြီးတွေစားကြမယ်
Moody Foodie
0:00 / 0:00
အိစက်နေတဲ့ဝက်စတူးအတုံးလိုက်ကြီးတွေစားကြမယ်
3 563 просмотра · 1 мес. назад
Moody Foodie
6,03 тыс. подписчиков
3 563 просмотра · 1 мес. назад
မိန်းထဲ ရေနီမြောင်းညစျေးတန်းပေါ်က တစ်ပွဲကို ၇၀၀၀၊၈၀၀၀ ပဲပေးရတဲ့ ဝက်စတူးထမင်းကြော်ဆိုင်လေး ✨
🍴ဒီဆိုင်လေးကိုဆယ်မှတ်မှာဆယ်မှတ်ပေးချင်တယ်။ မန္တလေးရဲ့ street food ကတော့ ရွေးချယ်စရာတွေတနေ့ထက်တနေ့ပိုများလာနေတော့တာပါပဲ။ မန္တလေးရဲ့ညထမင်းကြော် culture ထဲ trend အသစ်တခုအနေနဲ့မြင်ရမှာကတော့ ထမင်းကြော်ကိုဝက်စတူးနဲ့တွဲရောင်းတဲ့ မိန်းထဲကဒီဝက်စတူးထမင်းကြော်ဆိုင်လေးပါ။
🍴ဝက်စတူးကိုအဓိကထားရောင်းတာဖြစ်ပြီးတော့ ဝက်စတူးထဲမှာ ဝက်လက်စတူး ၊ ဝက်သုံးထပ်သားအတုံးစတူး ၊ ထိုင်ဝမ်စတိုင်သုံးထပ်သားမှိုပေါင်း ၊ ကြက်ပေါင်စတူးဆိုပြီးဟင်းလေးမျိုးအဓိကရပါတယ် ။
🍴ထမင်းကြော်နဲ့ကိုယ်ကြိုက်နှစ်သက်ရာစတူးတစ်မျိုးကိုမှ ၇၀၀၀၊၈၀၀၀ ကျပ်ပဲကျသင့်ပြီး ကြက်ဉ ၊ မုန်ညှင်းရွက် ၊ ငရုတ်သီးထောင်း ၊ မုန်ညှင်းချဉ်တွေပါပါသေးတယ်။ တစ်ပွဲတစ်ပွဲမှာအသားportion ကလည်းတော်တော်ကိုများတာမို့ အသားအလျှံအပယ်မှကြိုက်တတ်တဲ့ foodie တွေအတွက်မစားမဖြစ်ပါပဲ။
✨ ဟင်းကြီးပဲဝယ်ရင်လည်းတန်တယ် သုံးထပ်သားစတူးအတုံးကြီးတွေတစ်တုံးမှ ဆိုင်မှာစားရင် ၇၀၀၀ ၊ ပါဆယ်ဆို ဗူးဖိုးနဲ့ ၈၀၀၀ ၊ ဝက်လက်စတူးငါးတုံးလောက်ပါတဲ့တစ်ပွဲကို ၁၃၀၀၀ ပဲရှိပါတယ်။ အရသာရှိပြီးစျေးသင့်တာကိုက မန္တလေးရဲ့ street food အထာပါပဲ။
✨ လူငယ်တွေဖွင့်ထားတဲ့ဆိုင်လေးဖြစ်ပြီး ဝက်သားမှာလည်းသန့်ရှင်းရေးကိုအဓိကလုပ်ထားပြီး ဝက်သားကိုလည်းအမွှေးအမျှင်လုံးဝမပါအောင်အထူးဂရုစိုက်တဲ့အပြင် ဆီဆိုရင်လည်းပဲဆီသန့်ပဲသုံးပေးထားတယ်လို့သိရပါတယ်။
✨ အရသာပိုင်းမှာလည်းချိုချိုမွှေးမွှေးလေးနဲ့ ဝက်စတူးရဲ့အဓိကအသက်ဖြစ်တဲ့ texture မှာဆိုရင်လည်း ဇွန်းလေးနဲ့ဖဲ့ချလိုက်တာနဲ့တင်ပျော်ကျလာအောင်နူးအိနေတာပါပဲ။
📍လိပ်စာက - Belly Food House
မန္တလေးမြို့ မိန်းတက္ကသိုလ်အနီး ရေနီမြောင်းလမ်း 72x73 ကြားမှာပါ။
ညနေလေးနာရီကနေ ခုနှစ်နာရီလောက်ထိပဲရောင်းပါတယ်။ အင်္ဂါနေ့တိုင်းဆိုင်ပိတ်ပါတယ်။
#moodyfoodie #bellyfoodhouse #porkstew #mdystreetfood #ဟုတ်ပါတယ်ဒါလည်းမန္တလေးကပါပဲ #vlog #foodvlog #mandalay #myanmar #myanmarfoodblogger #streetfood #trend