Перейти к содержимому

𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀𝗵𝗶𝗽 ဆိုတာဘာလဲ❓ 𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဆိုတာဘာလဲ❓

Myanmar Imperial College - MIC

0:00 / 0:00

𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀𝗵𝗶𝗽 ဆိုတာဘာလဲ❓ 𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဆိုတာဘာလဲ❓

2 642 просмотра · 11 мес. назад
Myanmar Imperial College - MIC
26,8 тыс. подписчиков
2 642 просмотра · 11 мес. назад
𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀𝗵𝗶𝗽 ဆိုတာဘာလဲ❓ 𝗧𝗵𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 𝗼𝗳 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဆိုတာဘာလဲ❓ ✨အလုပ်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့၊ ကိုယ့်လုပ်တဲ့ တာဝန်တွေကျေပွန်စွာ လုပ်ဆောင်နိုင်ပြီး အောင်မြင်ချင်တယ်ဆိုရင် ဒီ Video လေးကို အဆုံးထိ ကြည့်ပေးပါရှင်။ 📚အောင်မြင်မှုအိပ်မက်တွေနဲ့ လုပ်ငန်းတွေအတွက် ထိရောက်တဲ့ရလဒ်တွေရနိုင်ဖို့ Entrepreneurship ပညာရပ်ကို အတွေးအခေါ်တစ်ခု၊ Mindset တစ်ခုအဖြစ် စနစ်တကျမွေးမြူနိုင်ဖို့လိုပါတယ်။ ဒီ Video လေးမှာ The mindset of Entrepreneruship and the mindset of Marketing အကြောင်းတွေ၊ အဓိကအနေနဲ့ တကယ့်လုပ်ငန်းအတွေ့အကြုံတွေ၊ အလုပ်မှာ ဖြစ်နေတဲ့ အရာတွေကို ကိုယ်လေ့လာထားတဲ့ လုပ်ငန်းတစ်ခုစတင်ဖို့ သိထားရမယ့် Skill set တွေ အကြောင်းကို Knowing Sharing အနေနဲ့ တီချယ်Dr ပို့နှင့်အတူ စီးပွါးရေးလုပ်ငန်းရှင်များမှ ဝေမျှပေးထားပါတယ်ရှင်❤️ ----------------------------------------------- 🧑‍🎓📋အဓိက ဆွေးနွေးသင်ကြားပေးမယ့်သူတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ⭐️ Dr ပို့ပို့ကြည် (Founder, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞-𝐌𝐈𝐂) “𝙀𝙣𝙩𝙧𝙚𝙥𝙧𝙚𝙣𝙚𝙪𝙧𝙨𝙝𝙞𝙥 𝙞𝙨 𝙖𝙡𝙡 𝙖𝙗𝙤𝙪𝙩 𝙗𝙧𝙚𝙖𝙠𝙞𝙣𝙜 𝙩𝙝𝙚 𝙗𝙤𝙪𝙣𝙙𝙖𝙧𝙞𝙚𝙨 𝙖𝙜𝙖𝙞𝙣 𝙖𝙣𝙙 𝙖𝙜𝙖𝙞𝙣." လူတိုင်းက ကိုယ်ပိုင် Business လုပ်မှာ ချမ်းသာတာမျိုး မဟုတ် ဘဲ၊ ကိုယ့်ရဲ့ အလုပ်ခွင်မှာ ကျွမ်းကျင်မှ ရှိတာကို Entrepreneurship လို့ ဆိုလိုပါတယ်။အိပ်မက်တွေကစျေးကြီးတယ်။ သူများထက်ပိုပြီး ကြိုးစားအားထုတ်မှုတွေလိုအပ်တယ် သူများထက်ပိုပြီး အန်တုမှုတွေလိုအပ်တယ်” 🎓 တီချယ်Drပို့သည် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐈𝐂) ရဲ့ တည်ထောင်သူတစ်ဦး ဖြစ်ပါတယ်။ တီချယ်Drပို့ သည် ပညာရေးကို ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ဒေါက်တာပို့ပို့ကြည်အဖြစ် ၂၀၂၄ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Northampton University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ Doctorate of Business Administration (DBA) ဘွဲ့ကို ရရှိထားပါသည်။ Oxford Universityတွင် Master of Science in Major Programme Managment programme ကိုလည်း တတ်ရောက်လေ့လာပြီး Oxford University မှ Master Level Diploma in Organizational Leadership ကိုလည်း ရှိရှိခဲ့ပါတယ်။ Middlesex University မှ BA (Hons;) Multimedia Arts နှင့် University of Northampton မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ဘွဲ့ကို ရရှိခဲ့ပါသည်။ သူမသည် အိပ်မက်များကို ယုံကြည်သူဖြစ်ပြီး စစ်မှန်ပညာရေးကအိပ်မက်တွေ အတွက် ပျံသန်းနိုင်ဖို့ တောင်ပံတစ်စုံဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီအတန်းမှာတော့ တီချယ်Drပို့ရဲ့ Oxford University မှာလေ့လာခဲ့တဲ့ Theories တွေနဲ့၊ အတွေးအခေါ်တွေ၊ Entrepreneruship mindset အကြောင်းတွေကို လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်ပြီး ဝေမျှပေးသွားမှာပါ။ ---------------------------------------------- ⭐️ Dr အေးအေးစန်း (အမှုဆောင် အရာရှိချုပ်, ဝိတိုရိယဆေးရုံ) "အိပ်မက်တွေဆိုတာ အကောင်အထည်မဖော်ရင် အိပ်မက်အတိုင်းပဲ ဖြစ်သွားမယ်။ Entreprener တစ်ယောက်ဖြစ်အောင် ကိုယ့်ရဲ့ passion နဲ့ Dream ကို အကောင်အထည်ဖော်ပါ။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့တိုင်း နောက်မဆုတ်ပဲနဲ့ ဘယ်လိုလုပ်မယ်၊ ဘာတွေလုပ်မယ်ဆိုတဲ့ System နဲ့ အတူတူ စဥ်းစားနိုင်မှ အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ။ Dream it, Built it and Sustain it." 🎓 ဒေါက်တာ အေးအေးစန်းသည် ဒီအတန်းမှာ သူမရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ လုပ်ငန်းတစ်ခု စတင်ဖို့အတွက် သိထားရမယ့် Skill set တွေနဲ့ လက်တွေ့လုပ်ငန်းခွင်က အတွေ့အကြုံတွေနဲ့ The mindset of Marketing အကြောင်းတွေကို ဆွေးနွေးဝေမျှပေးမှာပါ။ ----------------------------------------------- ⭐️ ဦးတိုးဝေဝင်း (အမှုဆောင် အရာရှိချုပ်,𝐓𝐡𝐞 𝐅𝐨𝐨𝐝 𝐕𝐢𝐥𝐥𝐚𝐠𝐞) လူငယ်တွေရဲ့တိုးတက်လိုစိတ်တွေကို မြှင့်တင်ပေးနိုင်ဖို့ အခြေခံဖြစ်တဲ့ ပညာရေးကနေ စီးပွါးရေး လုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့ထိ လေ့လာခြင်းတွေကို ပြုလုပ်ရပါမယ်။ 🎓 ဦးတိုးဝေဝင်းသည် Marine industry မှာ အတွေ့အကြုံများစွာ ရှိတဲ့ entrepreneur တစ်ယောက် ဖြစ်ပြီး၊လက်ရှိမှာ The Food Village ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဦ်းဆောင်လျက်ရှိပါတယ်။ ဒီအတန်းလေးမှာ အဓိကနေနဲ့ လုပ်ငန်းတစ်ခုကို အောင်မြင်အောင်လုပ်ဖို့ အုပ်ချုပ်မှု၊ logistics၊ စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့်ဆိုင်သော အတွေ့အကြုံများနှင့် ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အောင်မြင်မှု၊ ကျရှုံးမှု သင်ခန်းစာတွေကိုလည်း ဝေမျှပေးသွားမှာပါ။ ----------------------------------------------- ⭐️ ဦးဝင်းနိုင်ညွှန့် (Captain Win) (Director, 𝐊𝐌 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 & 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐆𝐫𝐨𝐮𝐩) Entrepreneruship ဆိုတာ ကိုယ့်ရဲ့အတွေးနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ သူတွေဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင်လို့ စနစ်တကျအကောင်အထည်ဖော်နိုင်မှာသာ အောင်မြင်တဲ့ စွန့်ဦ်းတီထွင်သူတစ်ယောက် ဖြစ်လာမှာပါ။ မလုပ်လိုက်ရဘူးဆိုတဲ့ နောင်တမရလိုက်အောင် ကြိုးစားခြင်းက အောင်မြင်မှုရဲ့ အစပါ။ 🎓 ဦးဝင်းနိုင်ညွှန့် (Captain Win) သည် 𝐊𝐌 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 & 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐆𝐫𝐨𝐮𝐩ရဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်ပြီး၊ ပြည်တွင်းကုန်တွင်းပိုင်း Logistics လုပ်ငန်းတွေကို ချိတ်ဆက်ပြီး supply chain, distribution စသည့်လုပ်ငန်းများကို ဦးဆောင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ----------------------------------------------- “အိပ်မက်တွေက စျေးကြီးတယ်။ စျေးကြီးတဲ့ အိပ်မက်တွေအတွက် သင်ယူလေ့လာလို့စိတ်သာ ယူခဲ့ပါ။ 𝐌𝐈𝐂 ရဲ့ အိပ်မက်မက်ပါ အစီအစဉ်က အိပ်မက်တွေကို ထောက်ပံ့ပေးဖို့ ကြိုဆိုပါတယ်ရှင်” 📣𝐄𝐧𝐫𝐨𝐥𝐥 𝐧𝐨𝐰 𝐟𝐨𝐫 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 📣 📣 သတ်မှတ်ထားတဲ့ လူဦးရေမပြည့်ခင်မှာ အမြန်ဆုံး Register လေးပြုလုပ်ဖို့ နွေးထွေးစွာဖိတ်ခေါ် လိုက်ရပါတယ်ရှင်။ ဒီအတန်းကို စိတ်ဝင်စားပြီး တတ်ရောက်လိုသူများအနေဖြင့် ဒီ Link ကနေ တဆင့်လျောက်ထားရပါမယ်ရှင်။ 📝𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐇𝐞𝐫𝐞: https://forms.gle/wUDFKG8vtNbDx4kq6 ❤️အိပ်မက်နဲ့ အောင်မြင်မှုတွေအတွက် အချိန်တစ်လခွဲသာ ကြာမြင့်မယ့် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 ပညာဒါနအတန်းက နွေးထွေးစွာကြိုဆိုပါတယ်ရှင်။ လေးစားစွာဖြင့် Myanmar Imperial College - MIC 🇲🇲