ဦးမင်းအောင်လှိုင် ဖနွမ်းပင်ခရီး - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
ဦးမင်းအောင်လှိုင် ဖနွမ်းပင်ခရီး - BBC News မြန်မာ
32 874 просмотра · 16 часов назад
BBC News မြန်မာ
2,74 млн подписчиков
32 874 просмотра · 16 часов назад
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဘုရင် ဖိတ်ကြားချက်နဲ့ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မှာ ဖနွမ်းပင်ခရီးစဥ် စတင်နေပါတယ်။ သမ္မတရာထူးယူပြီး ငါးလအတွင်း ရှစ်ခုမြောက် ပြည်ပခရီးစဥ်ဖြစ်သလို အာဆီယံဒေသတွင်း လေးခုမြောက် ခရီးစဥ်လည်းဖြစ်ပါတယ်။ အရပ်ဝတ်ပြောင်းပြီး သမ္မတ ရာထူးရယူထားတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ အလျင်စလိုထိတွေ့ဆက်ဆံမှုမလုပ်ဖို့ အာဆီယံဒေသတွင်းနိုင်ငံတချို့က ပြောနေချိန်မှာပဲ အဖွဲ့ဝင်နိုင်ငံ တချို့ကလည်း ဦးမင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့်ခရီးစဥ်တွေ တရားဝင်ဖိတ်ကြားလာနေတာပါ။ ဒီတော့မြန်မာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့တွင်း စည်းလုံးမှုကို သက်ရောက်စေတဲ့ သဘောထားကွဲပြားမှုတွေ ရှိနေပြီလား။ အာဆီယံဘုံသဘာထားငါးချက်ကို ပယ်ချထားတဲ့မြန်မာစစ်ခေါင်းဆောင်ဟောင်းကို အာဆီယံ အထူးသဖြင့် ကမ္ဘောဒီးယားက ဘယ်လို သဘောထားရှိနေလဲ။ ခုအာဆီယံဒေသတွင်းခရီးစဥ်တွေကနေ ဦးမင်းအောင်လှိုင် အာဆီယံဆွေးနွေးပွဲတွေပြန်ရောက်လာနိုင်သလား။ မြန်မာကို ထိတွေ့ဆက်ဆံမှုမှာ ကမ္ဘောဒီးယားအတွက် ဦးစားပေးမူဝါဒက ဘာဖြစ်မလဲ။ ဖနွမ်းပင်အခြေစိုက် ၊ အင်ဒိုပစိဖိတ်လုံခြုံရေးကျွမ်းကျင်သူ သုတေသီ မစ္စတာ ချွန်ပေါ့အုန်းနဲ့ ဘီဘီစီမြန်မာပိုင်း လက်ထောက်အယ်ဒီတာ မအေးသူစံတို့ ဆွေးနွေးထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ဦးမင်းအောင်လှိုင် #ကမ္ဘောဒီးယား #နေပြည်တော် #ဖနွမ်းပင် #အာဆီယံ #စစ်တပ်