Перейти к содержимому

လူနဲ့ Chimpanzee မျောက်ဝံမျိုးစပ်လို့ရလား? #goji #science #knowledgesharing #knowledge

GOJI

0:00 / 0:00

လူနဲ့ Chimpanzee မျောက်ဝံမျိုးစပ်လို့ရလား? #goji #science #knowledgesharing #knowledge

4 352 просмотра · 3 дня назад
GOJI
17 тыс. подписчиков
4 352 просмотра · 3 дня назад
Humanzee ၁၉၇၆ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ တိရိစ္ဆာန်ဝါသနာရှင်ရှေ့နေတစ်ယောက်ရှိတယ်ဗျ။ သူ့ရဲ့နာမည်ကတော့ မိုက်ခ် မိုင်လာ Mike Miller လို့ခေါ်ပါတယ်။ ဒီလူက တိရစ္ဆာန်တွေကို တော်တော်ချစ်တဲ့သူဆိုတော့ သူရသမျှရှေ့နေခတွေကို ဟိုအကောင်ဝယ်၊ ဒီအကောင်ဝယ်နဲ့ အဲ့လိုလျှောက်ဝယ်တဲ့သူမျိုးဗျ။ အဲ့ဒီနေ့တုန်းကလည်ူး မိုက်ခ်ဟာ ဒေါ်လာ ၈၀၀၀ ပေးပြီးတော့ Oliver လို့ခေါ်တဲ့ ချင်ပန်ဇီမျောက် လေးတစ်ကောင်ကိုဝယ်လာခဲ့တယ်ဗျ။ ဒီမျောက်လေးကြီးလာတော့ သူက သူ့ရဲ့မျောက်ဝံက လူလောက်နီးနီး တော်တယ်ဆိုတာကို နယူးယောက်မြို့တစ်မြို့လုံးကို ပြသခဲ့ပါတယ်။ အဲ့ဒီနေ့တန်ူးကဆိုရင် သတင်းမီဒီယာတွေရော၊ မြို့ခံတွေရော တော်တော်လေးကိုမှ ဆူဆူပူပူဖြစ်သွားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူမွေးထားတဲ့ Oliver ဆိုတဲ့မျောက်ဝံလေးဟာ အခြားချင်ပန်ဇီမျောက်တွေလိုမျိုး လေးဘက်မသွားပဲ မတ်တပ်သွားတယ်..ပြီးတော့ Oliver ဟာ မနက်ဆို ကော်ဖီသောက်တယ်၊ ညနေဆို ဝိုင်သောက်တယ်။ အိမ်မှုကိစ္စတွေ ကူလုပ်ပေးပြီး TV ကြည့်ရတာ ကိုလည်းကြိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ အမွှေးကျဲကျဲ အရေပြား၊ နှာခေါင်းနဲ့ နဖူးပြောင်ပြောင်ပုံစံက ချင်ပန်ဇီနဲ့မတူဘဲ လူနဲ့ အရမ်းတူလွန်းနေပါတယ်။ ဒီထက်ပိုပြီးအံ့ဩဖို့ကောင်းတာက ဘာလဲဆိုတော့ ရှေ့နေကြီး မိုက်ခ်ကဘသူ့ရဲ့မျောက်မှာ ခရိုမိုဇုန်း 47 ခုရှိတယ်ဆိုပြီးတော့ပါ ကြေညာခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာသိပ္ပံပညာအရာဆိုရင် လူမှာ ခရိုမိုဇုန်း 46 ခုရှိပြီးတော့ မျောက်ဝံမှာဆိုရင် 48 ခုရှိပါတယ်။ အဲ..ဒါပေမယ့် ဒီချင်ပန်ဇီမျောက်လေးမှာ ခရိုမိုဇုန်းက 47 ခုရှိနေတယ်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အရာပါ။။ဒါကြောင့် လူနဲ့မျောက်ဝံကြားမှာ ရှိနေတဲ့ ခရိုမိုဇုန်းအရေအတွက်ကြောင့် လူတွေက Oliver ဟာ လူနဲ့ မျောက်သားစပ်ပြီး ဖြစ်လာတဲ့ လူတစ်ပိုင်းမျောက်တစ်ပိုင်း သတ္တဝါလို့ထင်ခဲ့ကြပါတယ်။ Oliver ကို မီဒီယာတွေက Human နဲ့ ချင်ပန်ဇီတို့ပေါင်းစပ်ထားတာကြောင့် Humanzee ဆိုပြီးတော့တောင်မှ အမည်ပေးခဲ့ပါသေးတယ်။ Real Answer is Coming Out ဒါပေမယ့် ဒီဇာတ်လမ်းက ဒီနေရာမှာတင်ပြီးသွားတာတော့ မဟုတ်ဘူးဗျ။ နှစ်အနည်းငယ်အကြာမှာပဲ Oliver ကို မျောက်ဝ‌ံထိန်းသိမ်းရေးစခနန်းတစ်ခုကနေ လက်ခံရရှိခဲ့ပြီးတော့ သွေးစစ်ကြည့်တဲ့အခါမှာ ရလဒ်တစ်ခုထွက်လာခဲ့ပါတယ်။ အဲ့တာကဘာလဲဆိုတော့ ဒီချင်ပန်ဇီမျောက်လေးမှာ တကယ်တမ်းရှိနေတဲ့ခရိုမိုဇုန်း အရေအတွက် က အခြားသော မျောက်ဝံတွေလိုပဲ ခရိုမိုဇုန်း 48 ခုအပြည့်ရှ်နေတယ်ဆိုတာပါပဲ။။ သူဟာ မျိုးဗီဇအရ ရိုးရိုး မျောက်ဝံ စစ်စစ်တစ်ကောင်ပဲ ဖြစ်ပြီး လူတွေကြားမှာ ကြီးပြင်းလာခဲ့ရလို့ အမူအကျင့် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်မျိုးရိုးဗီဇနဲ့ပတ်သက်ပြီး ဆေးသိပ္ပံပညာလောကမှာ အခြားလိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကို ဒီ Vd လေးမှာဆက်ကြည့်လိုက်ရအောင် #goji #knowledge #knowledgeispower #sciencefacts #scienceexperiment #science #mysterystory