Перейти к содержимому

NCA ၁၁ နှစ်ပြည့်အခမ်းအနား ဦးမင်းအောင်လှိုင် ဗီဒီယိုမိန့်ခွန်းသာ ပေးပို့

THN Freelance Journalist သက်ထွေးနိုင် (သတင်းထောက်)

0:00 / 0:00

NCA ၁၁ နှစ်ပြည့်အခမ်းအနား ဦးမင်းအောင်လှိုင် ဗီဒီယိုမိန့်ခွန်းသာ ပေးပို့

16 967 просмотров · 2 дн. назад
THN Freelance Journalist သက်ထွေးနိုင် (သတင်းထောက်)
968 тыс. подписчиков
16 967 просмотров · 2 дн. назад
NCA ၁၁ နှစ်ပြည့်အခမ်းအနား ဦးမင်းအောင်လှိုင် ဗီဒီယိုမိန့်ခွန်းသာ ပေးပို့၊ KNU CNF ABSDF တို့ကို ထပ်မံဖိတ်ခေါ် အောက်တိုဘာ ၁၅ - ၂၀၂၆ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ ၁၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပရာ အသွင်ပြောင်းအစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘဲ ဗီဒီယို မိန့်ခွန်းသာ ပေးပို့ခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာ KNU CNF ABSDF တို့ကို တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ ဖိတ်ခေါ်လိုက်ပြီး NCA မှာ မပါသေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သမင်မွေးရင်း ကျားစားရင် မဖြစ်ရအောင် တည်ငြိမ်အေးချမ်းဖို့ လိုကြောင်းလည်း ပြောပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ပြည်နယ်တခုဟာ လူမျိုးတမျိုးတည်းရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာကိုလည်း သူက ထည့်သွင်းပြောကြားသွားပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ KNU CNF ABSDF အပါဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ NCA ဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားခဲ့ပြီ လို့ ကြေညာ ပြောဆိုပြီး NCA လမ်းကြောင်းကို အသိအမှတ် မပြုတော့ပါ။ တခြား EAO ၇ ဖွဲ့ကတော့ NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ---------------- THN Public Media - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ   / 19up1vgwyg   တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ   / 100066613536888   --------------------------- Twitter -   / winburmese   တယ်လီဂရမ်လည်း ရှိပြီ https://t.me/THNfreelance