Khit Thit Afternoon News | 4 November 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 4 November 2026
95 011 просмотров · 3 ч назад
Khit Thit Media
3,31 млн подписчиков
95 011 просмотров · 3 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား အမှုကို နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
မြန်မာစစ်အုပ်စုခေါင်းဆောင်အပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေက ဖမ်းဝရမ်းလျှောက်ထား ခဲ့တာ ၂ နှစ်ခန့် ကြာမြင့်လာပေမယ့် မြင်သာတဲ့တိုးတက်မှု မရှိသေးတဲ့အတွက် မြန်မာပြည်သူတွေက ပြတ်သားတဲ့အရေးယူဆောင်ရွက်မှု ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက CI စင်တာတွေမှာ ဘတ် ၆,၀၀၀ ဝန်းကျင်နဲ့ ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းအခွန်အပါအဝင် အပိုကြေးတွေ ကောက်ခံနေမှုကို ထိန်းချုပ်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ အခွန်ကောက်ခံမှုကို တရားဝင်ကန့်ကွက်ဖို့ ထိုင်းပြည်သူ့ပါတီက တောင်းဆို လိုက်ပါတယ်။
-အမေရိကန်က အီရန်ပစ်မှတ်တွေကို အကန့်အသတ်ရှိတဲ့ ကာကွယ်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့ပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်က စစ်ပွဲအဆုံးသတ်မယ့် အချိန်နဲ့ အခြေအနေတွေကို အီရန်ရဲ့ စစ်တပ်နဲ့ ခေါင်းဆောင်ပိုင်းကပဲ ဆုံးဖြတ်သွားမယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။