Перейти к содержимому

Khit Thit Evening News | April 12, 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | April 12, 2026

481 097 просмотров · 4 месяца назад
Khit Thit Media
3,28 млн подписчиков
481 097 просмотров · 4 месяца назад
Khit Thit သတင်းဌာန၏ ဧပြီ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီက စစ်အောင်နိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ဆင်ရေးတွေကို တစ်မိန့်-တစ်မူ-တစ်ဗျူဟာနဲ့ တိုက်ပွဲဝင်သွားမယ်လို့ အဲ့ဒီကောင်စီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ် ဖော်ပြောလိုက်ပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ သင်္ကြန်ပွဲတော်ရေ ကစားတာ နဲ့ပက်သက်လို့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးတား မြစ်ချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ ပန်းရံလုပ်သား လူငယ် မောင်ဖြိုးမြတ်ကျော်ကို အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခေါ်) ဇော်လွင်က မူးယစ်ဆေးဝါးနဲ့ မတရားအမှုဆင် ဖမ်းဆီး ကာ စစ်မှုထမ်းဖို့ အကျပ်ကိုင်စေလွှတ်ခဲ့တဲ့ ဖြစ်စဉ်ကို ရက္ခိုင့်တပ်တော် (AA) ဆီမှာ အလင်းဝင် လာတဲ့ တပ်သား ဖြိုးမြတ်ကျော်က အသေးစိတ် ဖွင့်ချပြောလိုက်ပါတယ်။ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (J.D. Vance) က အမေရိကန်နဲ့ အီရန်ကြားက ငြိမ်းချမ်းရေးဆွေးနွေး ပွဲဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဘာသဘောတူညီချက်မှ မရဘဲ ပြီးဆုံးသွားတဲ့ သတင်းအပါ အဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။