ကိုးပါးသီလစောင့်ယူခြင်း တစ်နေ့တာ- 9 Precepts Journey
Yamone Scarlett
0:00 / 0:00
ကိုးပါးသီလစောင့်ယူခြင်း တစ်နေ့တာ- 9 Precepts Journey
8 702 просмотра · 4 года назад
Yamone Scarlett
29,4 тыс. подписчиков
8 702 просмотра · 4 года назад
#YamoneScarlett
ကိုးပါးသီလစောင့်ယူခြင်း တစ်နေ့တာ- 9 Precepts Journey
အခု V-Blog လေးက ယမုံ ကိုးပါးသီလယူခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မှတ်တမ်းပါ။
ခဏ ခဏ ပြောခဲ့သလ်ိုပဲ ကိုးပါးသီလပုံမှန်
စောင့်ယူခြင်းကနေမှ ယမုံ့ဘဝ အကြီးအကျယ် အဖက်ဖက်က ပြောင်းလဲသွားခဲ့တာပါ။
ငါးပါးသီလကိုတော့ အကျယ်တဝင့်မရှင်းပြတော့ပါဘူး။
နံပတ် ၆ ကနေစပြီး ပြင်ဆင်လို့ရအောင် ခွဲခြမ်းပေးပါမယ်။
🌙 ၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကျဉ်မည်။))
နေ့လည် ၁၂နာရီ ကျော်ရင် အစာ စားလို့မရတဲ့ စည်းကမ်းပါ။
တော်တော်များများက ညအထိ အစာခံအောင်ဆိုပြီး အစားတွေ အများကြီး ပြည့်နင့်နေအောင်စားထားတော့ တရားထိုင် ၊ တရားနာရင် concentration ကောင်းကောင်း မရနိုင်ပါဘူး။
ငြိမ်ငြိမ်လေးနေပြီး အိပ်နေရုံက သီလယူတာ မမြောက်ပါဘူး။
ယမုံအကြံပြုချင်တာက သီလမယူခင် တစ်ရက်အလိုကတည်းက ကိုယ်ဘာစားမလဲ
ကြိုတင်ပြင်ဆင်ထားပါ။
အာဟာရမျှတအောင်စီမံစားသုံးပါ။
ယမုံကတော့ သီလယူရင် မနက်ပိုင်း Green Juice သောက်ပြီး နေ့လည် ၁၁ နာရီလောက်တစ်နပ်ပဲစားလိုက်တာများပါတယ်။
ပန်းဂေါ်ဖီကို ကြက်ဥလေး ရောကြော်တာလေးကို ၊ Smoked Salmon ငါး လေးနဲ့စားတာကို ခံတွင်းတွေ့ပါတယ်။ ( Video ထဲမှာဆက်ကြည့်ပါ။) ၁၂ နာရီ ကျော်ရင် ရေ၊ ရေနွေးပဲ သောက်ပါတယ်။ အချ်ိုရေ၊ နို့ မသောက်ပါဘူး။
🌙၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကျဉ်မည်။))
ရုပ်ရှင်၊ Facebook၊ social media အကုန်နားပါတယ်။ အသိပညာသင်ယူစရာ ၊ online class တွေကိုတော့ ဆက်လေ့လာလို့ရပါတယ်။
သီလမယူခင် မနက်ပိုင်း ရေသေချာချိုးပါတယ်။ ဘာအမွှေးအကြိုင်မှ မသုံးပါဘူး။
🌙၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကျဉ်မည်။))
ယမုံ တစ်နေ့လုံး ကြမ်းပြင်ပေါ်မှာပဲ
ထိုင်ပါတယ်။ ( Video ထဲမှာကြည့်ပါ။)
🌙၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ ((မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။))
အတွေးတွေ အရမ်းအရေးကြီးသွားပါပြီ။
တရားကိုပုံမှန်လေး နှစ်ကြိမ်၊ သုံးကြိမ်လောက် မှတ်ပါတယ်။ ကိုယ့်ကိုမုန်းတဲ့သူတွေရှိနေရင်တောင် သူတို့မျက်နှာကို မြင်ယောင်ပြီးမေတ္တာအကြိမ်ကြိမ်ပို့လိုက်ပါတယ်။ ယမုံ့အတွေ့အကြုံကတော့ ကိုယ့်ကို မုန်တီး မကြိုက်တဲ့သူတွေက ပြန်တောင်းပန်လာပြီး မိတ်ဆွေဖြစ်သွားရတာတွေ ကြုံဖူးပါတယ်။
ခြုံပြောရရင်တော့ ကိုးပါးသီလစောင့်ထိန်းတယ်ဆိုတာ စိတ်ကို အနားပေးလိုက်ပြီး တဏှာတွေကို စွန့်လွှတ်နိုင်လာအောင် ၊ ရောင့်ရင်တတ်ပြီး သမာသမတ်ကျကျ ဘဝကို ဖြတ်သန်းနိုင်အောင် လေ့ကျင့်ပေးတဲ့ မွန်မြတ်တဲ့
စိတ်အလုပ်ပါ။ လောကီရော၊ လောကုတ္တရာမှာပါ ချက်ချင်းလက်ငင်း အကျိုးပေးမြန်လှပါတယ်။
ဒီနေ့ လို့ထူးခြားတဲ့ ၁၃ ရက်နေ့မှာ သီလယူ၊ manifest၊ meditate လုပ်ပေးကြည့်ပါ။
ကိုးပါးသီလအခုမှ စယူဖြစ်တယ်ဆိုလဲ ကိုယ့်ရဲ့ journey လေးကို comment မှာ ဝေမျှခဲ့ပေးပါအုံး။
Video ထဲက ဘယ်အပိုင်းလေးကို နှစ်သက်သလဲ ?
-ယမုံ
————————————-
အယောက် ၆၀၀ ကျော် တက်ရောက်နေပြီဖြစ်တဲ့
Full Moon Magic Circle ကို အသေးစိတ်ကို ဖတ်ရှုနိုင်ပါပြီ။ 👇
/ 1327400111067690