ရန်ကုန် - ပြည် DEMU အမြန်ရထားခရီးစဉ်လေးပါ
The Moments with Charm
0:00 / 0:00
ရန်ကုန် - ပြည် DEMU အမြန်ရထားခရီးစဉ်လေးပါ
2 589 просмотров · 1 месяц назад
The Moments with Charm
1,41 тыс. подписчиков
2 589 просмотров · 1 месяц назад
Hello
ဒီနေ့တော့ မနက် ၅:၃၀ မှာထွက်တဲ့ DEMU ရန်ကုန် - ပြည်ရထားနဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအစောဆုံး ဘူတာဖြစ်တဲ့ ပြည်ဘူတာဆီကို ထွက်လာခဲ့ပါတယ်
အမြန်ရထားဖြစ်တာမို့ ပုံမှန်လေအိတ်ရထားလို ကြားမှာရပ်နားဘူတာအများကြီးမရှိပါဘူး။ ရပ်နားတဲ့ဘူတာတွေမှာလဲ တစ်ဘူတာကို ၃မိနစ်ဝန်းကျင်သာ ရပ်တာမို့ အမြန်အတက်အဆင်းလုပ်ကြရတာလဲ မြင်တွေ့ရပါတယ်။
လမ်းပိုင်းအနေအထားက မော်လမြိုင်လမ်းပ်ိုင်းလောက်ကို မငြိမ့်သေးပါဘူး၊ ယမ်းခါလှုပ်ခါမှုတွေတော့ ရှိနေသေးတာမို့ လမ်းပိုင်းပြုပြင်စရာတွေရှိသေးတာတော့ သိရပါတယ်။
နံနက်စောစောထွက်တဲ့ရထားဖြစ်တာမို့ ရထားပေါ်မှာ မြန်မာ့မီးရထားက ရောင်းချပေးတဲ့ ထမင်းကြော် / ပေါင်မုန့်ကြက်ဥကြော် / ခေါက်ဆွဲပြုပ် / လဖက်ရည် / ကော်ဖီ / အာလူးကြော် / ငါးရေခွံကြော် / ငါးမုန့်ကြော်တွေ ဝယ်စားပြီး ဗိုက်ဖြည့်လာလ်ို့ရပါတယ်၊ အပြင်မှာ တခုခုမစားလာရင်ပေါ့။
လမ်းရှုခင်းအနေအထားအနေနဲ့ ပဲခူးတိုင်းထဲဖြစ်တာကြောင့် တောတောင်ရေမြေတွေကို များများစားစားမမြင်ရဘဲ လယ်ကွင်းလယ်ကွက်တွေရဲ့ ရှုခင်းတွေသာ ပြည်ကိုရောက်တဲ့ မှော်ဇာလမ်းဆုံအထိ မြင်ရပါလိမ့်မယ်၊ ဒါကြောင့် ရှုခင်းခံစားဖို့ဆို ရန်ကုန် - ပြည် ရထားက ရွေးချယ်စရာမဟုတ်ခဲ့ပါဘူး။
ထိုင်ခုံများအနေနဲ့ မဂဏန်း မှန်ဘက်ခြမ်းတွေရွေးချယ်ခြင်းဖြင့် ရထားနဲ့ လားရာကို ရှေးရှုမြင်နိုင်ပါတယ်၊ စုံဂဏန်းခုံများဝယ်မိရင်တော့ ရထားရဲ့ လားရာကို ကျောပေးထားရတာမို့ ရောက်လာမယ့်ရှုခင်းကို ကြိုမမြင်နိုင်ပါဘူးခင်ဗျာ။
ပြည်ကိုမရောက်ခင်ကတော့ မိုးတွေ အုံ့မှိုင်းနေပြီး ပြည်ကိုရောက်ကာမှ နေခြစ်ခြစ်တောက်ပူနေတာမို့ ဒီနေ့ လည်ပတ်ခဲ့တဲ့ နေရာတစ်ချို့က အနည်းငယ် ကသီလင်နိုင်ခဲ့တာ နောက်အပိုင်းတွေမှာ တင်ပြပေးပါမယ်ခင်ဗျာ
#vlog #travel #myanmar #nature #မြန်မာ #scenery #dji #themomentswithcharm #pyay #ပြည် #DEMU #ရထား #ဘူတာကြီး #ရန်ကုန် #သရေခေတ္တရာ #တပြည်သူမရွှေထား #ပြည်ဘူတာ