(အစအဆုံး) 🔥 ဘဝဟောင်းက အကြွေးတွေ ဒီဘဝမှာ ပြန်ဆပ်မယ်
MZHrecap
0:00 / 0:00
(အစအဆုံး) 🔥 ဘဝဟောင်းက အကြွေးတွေ ဒီဘဝမှာ ပြန်ဆပ်မယ်
22 524 просмотра · 3 дня назад
MZHrecap
46,3 тыс. подписчиков
22 524 просмотра · 3 дня назад
ဆူယွဲ့ချူးဟာ ဘဝဟောင်းမှာ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး၊ အချစ်ကိုယုံကြည်မိခဲ့တဲ့ ရဲလင်းချွမ်းရဲ့ လှည့်စားမှုကြောင့် အရှက်ခွဲခံရကာ အသက်ပါဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။
မထင်မှတ်ဘဲ ဘဝဟောင်းကို ပြန်လည်မွေးဖွားလာတဲ့အခါ အတိတ်က ဖြစ်ရပ်တွေအားလုံးကို ကြိုသိနေပြီဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာတော့ ရဲလင်းချွမ်းနဲ့ လက်ထပ်မယ့် မင်္ဂလာပွဲကို တိုက်ရိုက်ငြင်းပယ်လိုက်ပါတယ်။ မိခင်သေဆုံးမှုနောက်ကွယ်က အမှန်တရားနဲ့ ဆူအိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြန်လည်ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ အာဏာကြီးမားတဲ့ စစ်သူကြီး လုဂျင်းသင်း က မင်္ဂလာပွဲကို ရောက်လာပြီး ယွဲ့ချူးကို သူ့အိမ်တော်ဆီ ခေါ်ဆောင်သွားပါတယ်။ ဘဝဟောင်းမှာ လုဂျင်းသင်းရဲ့ အာဏာကို ကြောက်ခဲ့ပေမယ့် ဒီဘဝမှာတော့ သူ့ကိုယ်သူ အသုံးချခံရမယ့်သူ မဖြစ်စေတော့ဘဲ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ဖို့ ကြိုးစားလာပါတယ်။
တစ်ဖက်မှာလည်း ရဲလင်းချွမ်းနဲ့ သူ့ဘက်ကလူတွေက ရွှေတောင်ဘဏ္ဍာမြေပုံ ကို ရယူဖို့ ကြိုးစားနေကြပြီး ယွဲ့ချူးကို ပြန်လည်အသုံးချဖို့ အကွက်ဆင်နေကြပါတယ်။
ဒီတစ်ကြိမ်မှာတော့ ယွဲ့ချူးဟာ အတိတ်က အမှားတွေကို ထပ်မလုပ်တော့ဘဲ မိခင်သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်ပြီး မိမိပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူကာ သူမကို ထိခိုက်စေခဲ့သူတွေကို တစ်ယောက်ချင်းစီ ပြန်လည်ရင်ဆိုင်သွားမှာပါ။
ဘဝဟောင်းမှာ ဆုံးရှုံးခဲ့သမျှကို ဒီဘဝမှာ ဘယ်လိုပြန်လည်ရယူမလဲ၊ လုဂျင်းသင်းနဲ့ ယွဲ့ချူးတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပါခင်ဗျာ ❤️ ဇာတ်လမ်းကောင်းလေးတွေကို အချိန်ကုန်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်ပေးနေတာမို့လို့ ကျနော့်ရဲ့ MZHrecap လေးကို Like နဲ့ Subscribe လေးလုပ်ပြီး အားပေးခဲ့ကြပါဦးဗျာ။ သင်တို့ရဲ့ အားပေးမှုတစ်ချက်က ကျနော့်အတွက် နောက်ထပ်ဗီဒီယိုတွေ ဆက်လုပ်ဖို့ ခွန်အားအကြီးကြီး ဖြစ်စေပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်! ❤️ #DramaRecap #MovieRecap #BurmeseRecap #MZHrecap #myanmarmovierecap