အိမ်ငေးသူ▪︎မောင်ချောနွယ်
လွယ်အိတ် (Poetry Bag)
0:00 / 0:00
အိမ်ငေးသူ▪︎မောင်ချောနွယ်
8 007 просмотров · 4 года назад
လွယ်အိတ် (Poetry Bag)
3,48 тыс. подписчиков
8 007 просмотров · 4 года назад
#မောင်ချောနွယ် #လွယ်အိတ် #PoetryReading
Facebook Page🌱
https://fb.watch/br52N7poxj/
အိမ်ငေးသူ▪︎မောင်ချောနွယ်
ရွတ်ဖတ်ခြင်း▪︎လွယ်အိတ်
_________________________
Youtube Link🌱
အောင်ခင်မြင့်ရဲ့ အဓိပ္ပါယ်မဲ့ပြဇာတ်ဟာ ကဗျာနဲ့အနုပညာရပ်ဆိုင်ရာ ဆောင်းပါးတွေစုစည်းထားတာဖြစ်တယ်။အဲ့ဒီအထဲက နာကျင်မှု့ (Pain) အနုပညာအကြောင်းပြောရာမှာ "မြန်မာစာပေလောကမှာတော့
နာကျင်မှု့ကို အပြင်းထန်ဆုံး ဖွဲ့ဆိုနိုင်ခဲ့သူဟာ ကဗျာ
ဆရာမောင်ချောနွယ်ပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
အားလုံးသိပြီးကြတဲ့အတိုင်း မောင်ချောနွယ်ဟာ "လူကြိုက်နည်းတဲ့ကောင်"လို ကဗျာမျိုးတွေကတဆင့် သူ့ရဲ့နာကျင်မှု့တွေကို ပြခဲ့ပြီးဖြစ်သလို အခုဒီကဗျာထဲမှာလည်း သူ့ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို မြင်နိုင်ပါတယ်။
သူ့သမီးငယ်လေး အိမ်ထဲမှာ စားစရာလေးတွေရှိမလားလို့ လိုက်ရှာဖွေနေတဲ့ မြင်ကွင်းမျိုးကို ရေးဖွဲ့ပြမှု့ဟာ ဖတ်မိတိုင်း ဖတ်မိတိုင်း ရင်နစ်ရ ရင်နာရမြဲ။သူပြောခဲ့သလို
"ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကိုယ့်အနုပညာနဲ့ကိုယ်
သွေးတိတ်စေခဲ့ကြပါတယ်"
သူဟာ ဒဏ်ရာတွေကို ဒီလို ကုစားခဲ့သူပါ။
လွယ်အိတ်