ထားဝယ်ဒေသ ရေကြီးမြေပြိုမှုဘေး အခြေအနေဆိုးရွားနေ | The Irrawaddy
The Irrawaddy News
0:00 / 0:00
ထားဝယ်ဒေသ ရေကြီးမြေပြိုမှုဘေး အခြေအနေဆိုးရွားနေ | The Irrawaddy
58 565 просмотров · 5 часов назад
The Irrawaddy News
1,62 млн подписчиков
58 565 просмотров · 5 часов назад
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ တောင်ပြို၊ မြေပြိုမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။
ဒီသဘာဝဘေးဒဏ်ကြောင့် ကျေးရွာပေါင်း ၆၀ ဝန်းကျင်လောက် ဘေးဒုက္ခကြုံတွေ့နေရပြီး၊ လောင်းလုံးတောင်ခြေက ကျေးရွာတချို့ဆိုရင် မြေစာဖုံးလွှမ်းခံထားရပါတယ်။ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ရဲ့ ထုတ်ပြန်ချက်အရ ဒေသခံ ၁၃ ဦး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဆိုသလို၊ ဧရာဝတီရဲ့ သီးခြားစုံစမ်းချက်အရ သေဆုံးသူ ၁၈ ဦးအထိ ရှိလာနေကာ အများစုဟာ တောင်ပြိုကျမှုအောက် နစ်မြုပ်ပြီး အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေ အလွန်နည်းပါးနေသလို စစ်အစိုးရဘက်ကလည်း လက်ရှိအချိန်အထိ ဘာတခုမှ လာရောက်ကူညီတာ မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ဘေးသင့်ကျေးရွာ အများစုမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေသလို၊ နေ့စဉ် အသက်ရှင်ရပ်တည်ရေး အတွက် အခြေခံ စားနပ်ရိက္ခာပိုင်းမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
#မြန်မာ #ဧရာဝတီ #သဘာဝဘေး #Environment #ClimateDesk #WhatsHappensInMyanmar
_________
မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီး နေ့စဥ်စောင့်ကြည့်နိုင်ပါတယ်။
_________
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ / @irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
_________
Subscribe ▶🔔 @theirrawaddy_news
Follow us on:
Website English Edition ▶ 🌐 https://www.irrawaddy.com
Website Burmese Edition ▶ 🌐 https://burma.irrawaddy.com
Facebook Burmese Edition ▶ / theirrawaddyburmese
Facebook English Edition ▶ / theirrawaddy
Twitter ▶ / irrawaddynews
Instagram English Edition ▶ / theirrawaddy
Instagram Burmese Edition ▶ / irrawaddyburmese
Telegram ▶ https://t.me/theirrawaddy
Tiktok ▶ / the.irrawaddy1
_________
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation