သိင်္ဂါလသုတ္တန် အပိုင်း၁
ဓမ္မအမွေ
0:00 / 0:00
သိင်္ဂါလသုတ္တန် အပိုင်း၁
127 просмотров · 6 дн. назад
ဓမ္မအမွေ
58 подписчиков
127 просмотров · 6 дн. назад
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ သူကြွယ်သား သိင်္ဂါလသည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုး၏။
၂၄၃။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံကြွတော်မူ၏။ စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုးနေသော သူကြွယ်သား သိင်္ဂါလကို မြင်တော်မူသော် သူကြွယ်သား သိင်္ဂါလအား ဤသို့သော စကားကို မိန့်တော်မူ၏ –
”သူကြွယ်သား သင်သည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသော ဆံပင်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက် အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို အဘယ့်ကြောင့် ရှိခိုးဘိသနည်း”ဟု (မိန့်တော် မူ၏)။
မြတ်စွာဘုရား ဖခင်သည် သေခါနီးလတ်သော် အကျွန်ုပ်ကို ”ချစ်သား (သင်သည်) အရပ်မျက်နှာ တို့ကို ရှိခိုးလော့”ဟု မှာခဲ့ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် ဖခင်စကားကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် စောစောထကာ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ်စိုသော ဆံပင်ရှိသည် ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ်။ပ။ အထက်အရပ် (ဟူသော) များ စွာသော အရပ်တို့ကို ရှိခိုးပါ၏ဟု (လျှောက်၏)။ အရပ်ခြောက်မျက်နှာ
၂၄၄။ သူကြွယ်သား အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါးတို့ကို ဤသို့ ရှိမခိုးအပ်ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ထိုသို့ ရှိမခိုးအပ်သော် အဘယ်သို့လျှင် အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါး တို့ကို ရှိခိုးအပ်ပါသနည်း။ မြတ်စွာဘုရား အကျွန်ုပ် တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အရိယာတို့၏ သာသနာ၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါလော့ဟု (လျှောက်၏)။
သူကြွယ်သား သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
”မြတ်စွာဘုရား ကောင်းပါပြီ”ဟု သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဝန်ခံ၏။
မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏ –
”သူကြွယ်သား အရိယာသာဝကသည် ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏၊ လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြု၊ စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ၊ ထို (အရိယာသာဝက) သည် ဤသို့ တစ်ဆယ့်လေးပါးသော မကောင်းမှုမှ ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါး တို့ကို လုံခြုံစေလျက် လောကနှစ်ပါးကို အောင်ခြင်းငှါ ကျင့်၏၊ ထို (အရိယာသာဝက)သည် ဤပစ္စုပ္ပန် လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း နှစ်သက်အပ်၏၊ ထိုအရိယာသာဝကသည် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်၏။
ညစ်ညူးသော ကံ လေးပါး
၂၄၅။ ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူ –
” သူကြွယ်သား အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မပေးသည်ကို ယူခြင်းသည် ညစ်ညူးသော ကံမည်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသော ကံမည်၏၊ ထိုအရိယာသာဝကသည် ဤညစ်ညူးသော ကံလေးပါး တို့ကို ပယ်အပ်ကုန်၏”ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော် မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ –
”သူကြွယ်သား အသက်သတ်ခြင်းကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းကိုလည်း ကောင်း၊ မဟုတ်မမှန်ပြောခြင်းကိုလည်းကောင်း၊ သူတစ်ပါး၏ မယား၌ သွားလာခြင်း ကိုလည်းကောင်း (ညစ်ညူးသောကံဟု) ဆိုအပ်၏၊ (ထိုညစ်ညူးသောကံ နှင့် ပြည့်စုံ သူတို့ကို) ပညာရှိတို့သည် မချီးမွမ်းကုန်”ဟု (မိန့်တော်မူ၏)
အကြောင်း လေးပါး
၂၄၆။ အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုသနည်း၊ ဆန္ဒာဂတိ ‘ချစ်သဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဒေါသာဂတိ ‘ မုန်းသဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ မောဟာဂတိ ‘မသိသဖြင့် မလိုက်အပ်သည် ‘သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဘယာ ဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည် ‘သို့ လိုက်၍ မကောင်းမှုကို ပြု၏။
သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝကသည် အကြင့်ကြောင့် ဆန္ဒာဂတိသို့ မလိုက်၊ ဒေါသာဂတိသို့ မလိုက်၊ မောဟာဂတိသို့ မလိုက်၊ ဘယာဂတိသို့ မလိုက်။ ထို့ကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုရာဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော် မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ –
”သူကြွယ်သား အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့် လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ ကျင့်၏။ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ် ပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။
အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး ၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ပြည့်စုံ၏”ဟု (မိန့်တော်မူ၏)။
စည်းစိမ်ပျက်ကြောင်း ခြောက်ပါး
၂၄၇။ အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်း ဟူမူ –
သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ် ပျက်ကြောင်းတည်း။
အခါမဲ့ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
248 to
265
see comment