Перейти к содержимому

"အမျိုးသမီးစစ်မှုထမ်းတွေ ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ"

RFA လွတ်လပ်တဲ့အာရှအသံ

0:00 / 0:00

"အမျိုးသမီးစစ်မှုထမ်းတွေ ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ"

366 100 просмотров · 2 года назад
RFA လွတ်လပ်တဲ့အာရှအသံ
3,05 млн подписчиков
366 100 просмотров · 2 года назад
“RFA စကားဝိုင်း” "အမျိုးသမီးစစ်မှုထမ်းတွေ ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ" ~~~ ■ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ တိုင်းဒေသကြီးတချို့မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတာ‌ကြောင့် ကာယကံရှင်တချို့က ဒီမိုကရေစီအရေးလှုပ်ရှားတဲ့အဖွဲ့တွေဆီ ဆက်သွယ်ပြီး အကူအညီတောင်းတာတွေ ရှိနေပါတယ်။ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်တဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း စစ်ကောင်စီက ဒီလဆန်းမှာ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့ အခြေခံလူတန်းစားတွေ နေထိုင်မှုများတဲ့ ရပ်ကွက်၊ ကျေးရွာတချို့က အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့တာတွေ၊ မဲနှိုက်ရွေးချယ်ဖို့ နာမည်စာရင်း ကောက်ယူတာတွေ ရှိနေပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ အမျိုးသမီးတွေ ဘာတွေရင်ဆိုင်ကြုံတွေ့နေရလဲ၊ အမျိုးသမီးတွေကို စစ်ကောင်စီတပ်တွင်းမှာ ဘယ်လိုတာဝန်တွေ ပေးမလဲ၊ ဘာတွေ သင်ကြားပေးနိုင်ခြေရှိလဲ စတာတွေကို ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ CDM စစ်သူနာပြု မပီးပီး၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မဇင်မေသက်၊ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ပြောရေးဆိုခွင့်ရှိသူ မခရစ္စတင်းနဲ့ CDM တပ်မတော်သား ကိုနောင်ရိုး တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။ ____________ Subscribe ▶ http://bit.ly/2ajgBxf မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp ဝဘ်ဆိုက် ▶ https://www.rfa.org/burmese ဖေ့စ်ဘွတ်ခ် ▶   / rfaburmese   တွစ်တာ ▶   / rfaburmese   အင်စတာဂရမ် ▶  / rfaburmese   တယ်လီဂရမ် ▶https://t.me/rfaburmeseofficial (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)