Перейти к содержимому

Khit Thit Morning News | 4 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 4 August 2026

257 548 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
257 548 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ်အဲရစ်က လူမှုကွန်ရက်ကတစ်ဆင့် တောင်းဆိုလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်လိုက် ပြီး အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကိုတော့ ထိန်းသိမ်းထား တဲ့ စစ်တပ်ကိုသာ သီးသန့်လျှို့ဝှက် တင်ပြသွားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ -ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရဲဇောင်းကျေးရွာအုပ်စု၊ မင်းရွာဆိပ်ကြီးကျေးရွာမှာ နေထိုင်တဲ့ မွေးရာပါ နှလုံးရောဂါအခံရှိတဲ့ အသက်မပြည့်သေးသူတစ်ဦး အပါအဝင် ညီအစ်ကိုနှစ်ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က အလုပ်အကိုင်ပေးမယ်လို့ ပြောဆိုပြီး လိမ်လည်ခေါ်ဆောင်သွားကာ စစ်တပ်ထံ ရောင်းစားခဲ့တယ်လို့ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အစီအစဉ်ကို ကြေညာပြီး ဟားမတ်စ်ဘက်ကလည်း လက်ခံကြောင်း ထုတ်ပြန်ထားပေမယ့် လက်တွေ့မြေပြင်မှာ တော့ အစ္စရေးစစ်တပ်က ဂါဇာဒေသအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေကို ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။