ချစ်သုသုဟန်- ထူးမခြားနား- ဘုရားရောင်ခြည်တော်ဘွဲ့ ပတ်သီချင်းခံ
Chit Thu Thu Han
0:00 / 0:00
ချစ်သုသုဟန်- ထူးမခြားနား- ဘုရားရောင်ခြည်တော်ဘွဲ့ ပတ်သီချင်းခံ
6 636 просмотров · 3 г. назад
Chit Thu Thu Han
7,83 тыс. подписчиков
6 636 просмотров · 3 г. назад
Vocalist- Chit Thu Thu Han
Harpist- ManDaKi
Audio Software -Reaper
MMA Home Studio
#ရေးသားသူ-ဘကြီးတော်ဘုရားလက်ထက် မြဝတီဝန်ကြီး
သီဆိုပူဇော်သူ-ချစ်သုသုဟန်
စောင်း-စန္ဒရားမောင်နွေနှောင်းမန္ဒကီ
ဤ ထူးမခြားနား ပတ်သီချင်းခံမှာ ဘကြီးတော် လက်ထက် အင်းဝမြို့တွင်စံတော်မူစဉ်၊ တနေ့သော ညဉ့်ညီလာခံအချိန် စွယ်တော်စဉ်ဘုရားမှ ရောင်ခြည်တော်လွတ်ရာ၊ ၎င်းအဖြစ်အပျက် အကြောင်းအရာကို အမတ်ကြီးမဟာဓမ္မသင်္ကြန်အမည်ရှိသော မင်းတိုင်ပင်အမတ် မောင်းထောင်းဆရာကြီး ဦးမြတ်နေနှင့်တိုင်ပင်၍ ရေးသားဆက်သွင်းစေ ဟူသော အမိန့်တော်အရ၊ နံနက် ညီလာခံတွင် မြဝတီဝန်ကြီး ရေးသားဆက်သွင်းသော ပတ်သီချင်းခံဖြစ်သည်။
ထူးမခြားနား ပတ်သီချင်းခံကို မြဝတီဝန်ကြီးမရေးသားမီ၊
စနေမင်းလက်ထက်က ပတ်သီချင်းခံနှင့် အလိုက်ထပ်တူထပ်မျှဖြစ်သော ''များမဝေးလွန်း'' အစချီနန်းဘွဲ့ ပတ်သီချင်းခံတစ်ပုဒ်ကို ဗျသီဆယ်ရွာစား ဦးလွန်းပြေ ရေးသားခဲ့ဖူးသည်ဟု ကွမ်းဖိုးထိန်း ပေမူတွင် မှတ်သားထားသည်ကို တွေ့ရှိရသည်။
*နိုင်ငံတော်မူမဟာဂီတ *
၂၀၀၂ ခုနှစ် ၊ မတ်လ ၊ဆဌမအကြိမ် ပုံနှိပ်မှတ်တမ်း