🔹သမထသမာဓိ နဲ့ ဝိပဿနာသမာဓိ🔸 ( စိတ္တဝိသုဒ္ဓိ ဖြစ်ရန် သေချာနာသင့်ပါသည်)
K.Ma.8
0:00 / 0:00
🔹သမထသမာဓိ နဲ့ ဝိပဿနာသမာဓိ🔸 ( စိတ္တဝိသုဒ္ဓိ ဖြစ်ရန် သေချာနာသင့်ပါသည်)
9 654 просмотра · 1 месяц назад
K.Ma.8
5,04 тыс. подписчиков
9 654 просмотра · 1 месяц назад
မူရင်းတရားတော်🔸🔹🔸🔹ဥဒ္ဒေသဝိဘင်္ဂ
တရားတော်လိုရင်းအကျဥ်းချုပ်
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
📌အာရမ္မဏူပနိဇ္စျာန် 🔸🔸သမထစျာန် -ကိုယ်ရှုမှတ်တဲ့ ကသိုဏ်း စတဲ့ သမထကမ္မဋ္ဌာန်း အာရုံ တစ်ခုခုမှာပဲ စိတ်ကိုစူးစူးစိုက်စိုက်ရှုနေရတာ
📌လက္ခဏူပနိဇ္စျာန် 🔹🔹ဝိပဿနာစျာန်- အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး ၃ပါးကို ရှုတာ
သို့သော် စစအားထုတ်ချင်း အနိစ္စ ဒုက္ခ အနတ္တ ကိုရှုလို့မရဘူး ဖြစ်ပျက်ကိုရှုလို့မရဘူး၊ ရုပ် နာမ်တရားတွေရဲ့ သဘာဝ လက္ခဏာတွေဖြစ်တဲ့( တောင့်တာ ၊တင်းတာ၊ လှုပ်ရှားတာ၊ ခက်မာတာ၊ကြမ်းတမ်းတာ၊
ပူတာ၊ အေးတာ၊ ညောင်းတာ၊ ကိုက်တာ၊ခံခက်တာ၊ စိတ်ကူးတာ၊ လိုချင်တာ၊ သာယာတာ၊ စိတ်ဆိုးစိတ်ပျက်တာ စတဲ့) သဘာဝလက္ခဏာတွေကိုရှုရမယ်
သမထ လို အာရုံ တစ်ခုတည်းမဟုတ်ဘူး ရှုရာ ရှုရာ အာရုံ တွေအပေါ်မှာ သံပြားကို သံလိုက်တုံး နဲ့ ပစ်လိုက်သလို နံရံကိုရွံ့စေး နဲ့ပစ်ကပ်လိုက်သလို အာရုံနဲ့ မှတ်စိတ်ကပ်ခနဲ ကပ်ခနဲ ဖြစ်ပြီး စူးစိုက်နစ်ဝင်သွားသလိုဖြစ်အောင် နိုးနိုးကြားကြား သတိကြီးကြီး နဲ့ ရိုရိုသေသေ ရှုမှတ်နေရတာဖြစ်ပါတယ်။ သမထ လို အာရုံတစ်တည်းမဟုတ် ပေါ်ရာပေါ်ရာကို လိုက်လိုက်ကပ်ကပ်နေရတဲ့ အတွက် ပိုပြီး နိုးကြားသတိရှိနေဖို့လိုပါတယ် ဒါမှလဲ စိတ္တဝိသုဒ္ဓိဖြစ်လာမှာပါ။
(တိုက်တွန်းနှိုးဆော်ချက် 🔺🔺 ဒီchannel ထဲက သဘာဝ သင်္ခတ သာမည သုံးဝ လက္ခဏာ ဆိုတဲ့ အပုဒ် နဲ့တွဲဖက် နာယူကြည့်ပါ။)
#မဟာစည် #Mahasi #mahasisayadaw #vipassana #dhamma #vipassanameditation #khema #khema8