Перейти к содержимому

Stillness Meditation_DrKhaiMon

Dr. Khai Mon Mindful Healing

0:00 / 0:00

Stillness Meditation_DrKhaiMon

487 просмотров · 2 нед. назад
Dr. Khai Mon Mindful Healing
2,06 тыс. подписчиков
487 просмотров · 2 нед. назад
Stillness Meditation ပြုလုပ်ပါမယ် ၁၁ မိနစ်ကြာ Stillness ငြိမ်သက်ခြင်း နဲ့ နေမှာ ဖြစ်ပါတယ် အချက်ပေးသော Bell အသံတခုကို အစမှာ တကြိမ် အဆုံး မှာ တကြိမ် ကြားရမှာ ဖြစ်ပါတယ်။ Bell အသံရဲ့ အစနဲ့ အဆုံး ကြားကာလဟာ 11 မိနစ်ဖြစ်ပါတယ် Bell အသံရဲ့ အစနဲ့ အဆုံး ကြားမှာ ငြိမ်သက်ခြင်း နဲ့ နေရမှာ ဖြစ်တယ်။ မိမိရဲ့စိတ်မှာ ငြိမ်းချမ်းမှု နှင့် ငြိမ်သက်မှုဆိုတာ ကြည်လင်သော ကောင်းကင်ပြာကြီးလိုပဲ မူလကတည်းက ရှိပြီးသား ဖြစ်ပါတယ်။ အတွေးများ စိုးရိမ်မှုတိမ်တိုက်များက ကောင်းကင်ပြာကြီးကို ဖုံးအုပ်ထားခဲ့တာသာဖြစ်တယ်။ ဝင်လေကို ရှူသွင်းရင်း ကိုယ့်ရဲ့ အတွင်းထဲက မိုးကောင်းကင်ပြာကြီးကို ထိတွေ့လိုက်ပါ။ ထွက်လေကို ရှူထုတ်ရင်း လက်ရှိအချိန်မှာရှိနေတဲ့ စိတ်ရဲ့လွတ်လပ်ခြင်းကို သိနေပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုဆိုတာ ကြီးမားကျယ်ပြန့်လှတဲ့ ရေကန်ကြီးတစ်ခုနဲ့လည်း တူပါတယ်။ ရေမျက်နှာပြင်မှာ လှိုင်းတံပိုးတွေ ထနေရင်တောင် ရေနက်ပိုင်းမှာတော့ ငြိမ်သက်နေတယ်။ သင့်ရဲ့ သတိတရားနဲ့ မေတ္တာပါတဲ့ အသိတရားဟာ အဲဒီ နက်ရှိုင်းအေးမြနေတဲ့ ရေနက်ပိုင်းနဲ့ တူပါတယ်။ ဝင်လေကို ရှူသွင်းရင်း ကိုယ့်ရဲ့ အတွင်းထဲက နက်ရှိုင်းမှုကို ထိတွေ့လိုက်ပါ။ ထွက်လေကို ရှူထုတ်ရင်း အဲဒီနက်ရှိုင်းမှုထဲမှာ အနားယူလိုက်ပါ။ ရေကန်ရဲ့ ရေမျက်နှာပြင်ပေါ်က အနာဂတ်ကို စိုးရိမ်မိသော လေပြင်းတွေ၊ အတိတ်ကြောင့် နာကျင်နေသော သစ်ရွက်လေးတွေ လွင့်ပါးကခုန်နေပေမယ့် သင်ကတော့ သင့်ရဲ့ နက်ရှိုင်းမှုထဲမှာပဲ တည်ရှိနေလိုက်ပါ။ ဝင်လေကို ရှူသွင်းရင်း လှိုင်းတံပိုးတွေကို ငါမြင်တယ်၊ ထွက်လေကို ရှူထုတ်ရင်း နက်ရှိုင်းတဲ့ ရေပြင်အတိုင်း ငါငြိမ်သက်နေတယ်။ အခု ငြိမ်သက်ခြင်း ၁၁ မိနစ် စပါတော့မယ် ၁၁ မိနစ်တာကာလမှာ ကောင်းကင်ပြာလို နက်ရှိုင်းလှတဲ့ရေပြင်လို ငြိမ်သက်နေလိုက်ပါ။ အသက်ရှူခြင်းကို ချည်တိုင်သဖွယ်သဘောထားပြီး ညင်သာစွာ ငြိမ်သက်နေလိုက်ပါ။ Bell သံကို နားစွင့်ထားပါ Bell သံ ရဲ့ အစ နဲ့ အဆုံးကြားမှာ ပဲနေပါ အတိတ်မှာရော ပစ္စုပ္ပန်မှာရော မနေပါနဲ့ ငြိမ်သက်ခြင်း ၁၁ မိနစ် စပါပြီ Bell 🔔 🎵 🎶 🎵 🎶 Bell 🔔 Stillness Meditation ပြီးပါပြီရှင်။