Перейти к содержимому

အဝယ် ေတာ်၏ ဇာတ်လမ်း - တစ်ထောင့်တစ်ညပုံပြင်များ - ေကျာ်လှိုင်ဦး - Myanmar Audiobook အသံစာအုပ်

Rodney Sann Lwin Audiobooks

0:00 / 0:00

အဝယ် ေတာ်၏ ဇာတ်လမ်း - တစ်ထောင့်တစ်ညပုံပြင်များ - ေကျာ်လှိုင်ဦး - Myanmar Audiobook အသံစာအုပ်

517 просмотров · 15 часов назад
Rodney Sann Lwin Audiobooks
37 тыс. подписчиков
517 просмотров · 15 часов назад
ဆရာ ေကျာ်လှိုင်ဦး ဘာသာပြန် ေပးထားတဲ့ တစ်ထောင့်တစ်ညပုံပြင်များ စာအုပ်ကြီးထဲက ဒီ ေန့ ဖတ်ပြတဲ့ပုံပြင်က ေတာ့ အရင်တပတ် ဘဏ္ဍာစိုး၏ဇာတ်လမ်း ပုံပြင် ရဲ့ အဆက်ဖြစ်တဲ့ `အဝယ် ေတာ်၏ ဇာတ်လမ်း` ဆိုတဲ့ပုံပြင်ကို ဖတ်ပြတာ ဖြစ်ပါတယ်။ ကမ္ဘာတည်သရွေ့ မရိုးနိုင်မယ့် အရှေ့တိုင်းရဲ့ ပုံပြင်ဆန်းများ (သို့) တစ်ထောင့်တစ်ညပုံပြင်များ “တစ်ထောင့်တစ်ညပုံပြင်”များဟာ ကမ္ဘာ့စာပေလောကမှာ ရာစုနှစ်ပေါင်းများစွာတိုင် အောင်မြင်ကျော်ကြားနေတဲ့ အရှေ့တိုင်းရဲ့ ရတနာတပါးဖြစ်ပါတယ်။ ရိုးရိုးဖျော်ဖြေရေး ပုံပြင်စာအုပ်ဆိုတာထက် စာပေအနုပညာအရပါ အလွန်တန်ဖိုးရှိတဲ့ ကမ္ဘာ့အမွေအနှစ်တခု ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ “ဇာတ်လမ်းအိမ်အတွင်းက ဇာတ်လမ်းများ”ဆိုတဲ့ ဖွဲစည်းပုံ စနစ်တကျနဲ့ ရေးဖွဲထားခြင်း ဖြစ်ပါတယ်။ ဘုရင်ရှာရယာရဲ့ ရက်စက်တဲ့ အမိန့်ဘေးကနေ လွတ်မြောက်ဖို အသက်ဆက်ဖိုအတွက် ဥာဏ်ပညာကြီးမားတဲ့ မိန်းမလှလေး ရှာရာဇတ်က တစ်ညပြီးတစ်ည ပြောပြခဲ့တဲ့ ပုံပြင်ပေါင်းစုံ စုစည်းထားတာပါ။ ပုံပြင်ပြောသူ ရှာရာဇတ်ဟာ သူမရဲ့ အသက်ဘေးတင်မကဘဲ တိုင်းပြည်က အမျိုးသမီးတွေကို ကယ်တင်ဖို စကားလုံးတွေရဲ့ စွမ်းပကားကို အသုံးချခဲ့တာမျိုးကနေ အစပြုပါတယ်။ အာရပ်၊ ပါရှား နဲ့ အိန္ဒိယယဉ်ကျေးမှုတွေ ပေါင်းစပ်နေတဲ့ ဒီပုံပြင်တွေဟာ စာဖတ်သူကို မှော်ဆန်တဲ့ ကမ္ဘာဆီ ခေါ်ဆောင်သွားနိုင်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီမှာ ဆွဲဆောင်မှုရှိတဲ့ လျှိဝှက်ချက်တွေ၊ ဖျော်ဖြေရေးရသတွေအပြင် လူသားတိုရဲ့ ဓလေ့စရိုက်၊ တရားမျှတမှု၊ လောဘ၊ ဒေါသ၊ ပညာနဲ့ သစ္စာတရား၊ ကံကြမ္မာအလှည့်အေပြာင်းတွေကို စိတ်ဝင်စားလောက်အောင် ထင်ဟပ်ဖော်ပြ သီကုံးထားပါတယ်။ ရိုးရာပုံပြင်တွေအဖြစ် လူသိများပေမဲ့ ဘာသာစကားအလှအပ၊ ရှေးခေတ်အရှေ့အလယ်ပိုင်းရဲ့ လူမှုစီးပွါးဘဝတွေနဲ့ ဒဏ္ဍာရီတွေကို လေ့လာချင်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။ ကလေးသူငယ်တွေအတွက် စိတ်ကူးစိတ်သန်း ရင့်သန်စေသလို၊ လူကြီးတွေအတွက်လည်း ဘဝသင်ခန်းစာနဲ့ အတွေးအခေါ်တွေကို ပေးစွမ်းနိုင်တဲ့ စာအုပ်ပါ။ မှော်ပညာ၊ စုန်း၊ ကဝေ၊ ကော်ဇောပျံတွေနဲ့ စွန့်စားခန်းတွေကို နှစ်သက်သူတိုင်းအဖို အချိန်ခရီးသွားပြီး အရှေ့တိုင်းရဲ့ ရှေးဟောင်းအငွေ့အသက်တွေကို ခံစားကြည့်ဖိုပါ။ ဘဝရဲ့ အဓိပ္ပါယ်နဲ့ လူ့သဘာဝကို ပုံပြင်တွေကတဆင့် အရသာခံကြည့်ဖို ဂန္တဝင်စာအုပ်ကြီးတစ်အုပ်ပါ။ အသံထွက်ဖတ်ပြတာမှာ လိုအပ်ချက်များ အဆင်မ ေပြမှုများရှိခဲ့လျှင် ကျ ေနာ့်တာဝန်ပါဗျ။ Subscribe My Channel    / @rodneysannlwinaudiobooks   Playlists    • ဂျူး ဝတ္ထုတိုများ