မေတ္တသုတ်ပရိတ်တော် (ပါဠိ+မြန်မာပြန်) 🌸🙏🌸
အေးချမ်းရာ🫶
0:00 / 0:00
မေတ္တသုတ်ပရိတ်တော် (ပါဠိ+မြန်မာပြန်) 🌸🙏🌸
219 просмотров · 1 месяц назад
အေးချမ်းရာ🫶
175 подписчиков
219 просмотров · 1 месяц назад
"မေတ္တသုတ်" ဖြစ်ပေါ်လာပုံအကျဉ်း နှင့် မေတ္တသုတ် ပရိတ်တော် (ပါဠိ+မြန်မာပြန်)
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ် အခါက ရဟန်းတော် ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်းယူ၍ ဟိမဝန္တာတောအုပ်တစ်ခုအတွင်း ဝါကပ်ပြီး တရားအားထုတ်ခဲ့ကြသည်။
ထိုတော၌ အစဉ်အဆက် နေထိုင်ကြသော ရုက္ခစိုးနတ်တို့သည် သီလရှိသော ရဟန်းတော်များ ကြွရောက်လာသည့်အတွက် သစ်ပင်ပေါ်တွင် မနေဝံ့တော့ဘဲ မြေပြင် သို့ ဆင်းသက်နေကြရသည်။
နတ်တို့သည် ရဟန်းတော်များ ခဏမျှသာ သီတင်းသုံးမည်ဟု ထင်မှတ်ခဲ့ သော် လည်း ဝါဆိုလိုက်သည်ကို သိရှိသွားသော အခါ ရဟန်းတော်များကို ထိုတော အ တွင်းမှ ထွက်ခွာသွားစေရန် ခြောက်လှန့် ဖို့ ကြံရွယ်ခဲ့ကြပြီး နတ်တို့သည် ညဉ့်အခါများတွင် ကြောက်မက် ဖွယ်ရာ ဘီလူးရုပ်၊ သရဲရုပ်များ ဖန်ဆင်း ၍ ပြသခြင်း၊ စက် ဆုပ်ဖွယ် အသံနက် ကြီးများဖြင့် အော် ဟစ်ခြင်း၊ အပုပ်နံ့ဆိုးများ ထွက်ပေါ်စေခြင်းတို့ဖြင့် အမျိုးမျိုး ခြောက်လှန့်ခဲ့ကြသည်။
ထိုအခါ ရဟန်းတော်များသည် သမာဓိ ပျက်ပြားပြီး မကျန်းမမာဖြစ်ကာ တရားထူးမရနိုင်ဘဲ ဖြစ်ခဲ့ရသဖြင့် သာဝတ္ထိပြည် မြတ်စွာ ဘုရားထံ ပြန်လည်ကြွရောက်ပြီး အကျိုးအကြောင်း လျှောက်ထားခဲ့ကြသည်။
ထိုအခါ မြတ်စွာဘုရားရှင်က "ဒိဗ္ဗစက္ခုဉာဏ်" ဖြင့် ကြည့်ရှုတော်မူသောအခါ ထိုဟိမဝန္တာ တောအုပ် သည် ရဟန်းတော် ငါးရာလုံး၏ "ဥတုသပ္ပါယ၊ အာဟာရသပ္ပါယ (အေးချမ်းသော ရာသီဥတုနှင့် အာဟာရ)" တို့ မျှတပြီး တရားထူး၊
တရားရတနာ ရရှိနိုင်မည့် သပ္ပါယ (သင့်တော်သော) နေရာ ဖြစ်သည်ကို "သဗ္ဗညုတဉာဏ်" တော်ဖြင့် အတိအကျ သိမြင်တော် မူခဲ့သည်။
အခြားမည်သည့်နေရာသို့ ပြောင်းရွှေ့စေကာမူ ဤကဲ့သို့ တရားထူးရရန် မလွယ်ကူနိုင်ပါ။
ထိုတော၌ ရှိကြသော ရုက္ခစိုးနတ်များ သည်လည်း ရှေးဘဝ အဆက်ဆက်က ဤရဟန်းတော်များနှင့် ဆွေမျိုး အသိုင်း အဝိုင်း တော်စပ်ခဲ့ကြဖူးသည်။ မေတ္တာတရားပွားများ၍ "မေတ္တသုတ်" ကို ရွတ် ဖတ် ပေးလိုက်ပါက နတ်များ၏ စိတ် နှလုံးသည် ချက်ချင်း အေးချမ်းသွားပြီး ရဟန်းတော်များအား ရိုသေစွာ ပြုစုလုပ် ကျွေးကြမည်ကို သိတော်မူ၍ ဖြစ်သည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ရဟန်းတော် များအား အခြားနေရာသို့ ပြောင်း ရွှေ့ခွင့်မပေးဘဲ လက်နက် အဖြစ် အသုံး ပြုရန် "မေတ္တသုတ်" ဒေသနာတော်ကို သင်ကြားပေးတော်မူပြီး ထိုတောအုပ်သို့ပင် ပြန်လည်စေလွှတ်ခဲ့သည်။
ထိုရဟန်းတော်များသည် "ဝါခေါင်လပြည့်" နေ့တွင် တောအုပ်သို့ ပြန်လည် ရောက်ရှိကြပြီး "မေတ္တသုတ်" တော်ကို ရွတ်ဖတ်ပွားများကြရာ ရုက္ခစိုးနတ်တို့ သည် အေးချမ်းသွားရပြီး ရဟန်းတော် များအား ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့ကြသည်။
ရဟန်းတော်များသည်လည်း စိတ်အေး ချမ်းစွာ တရားအားထုတ်နိုင်ခဲ့ကြပြီး ဝါ တွင်းမှာပင် အာသဝေါကုန်ခန်း ရဟန္တာများ ဖြစ်တော်မူခဲ့ကြသည်။
"မေတ္တသုတ်တော်" စတင် ပေါ် ပေါက်လာခဲ့သည့် "ဝါခေါင်လပြည့်နေ့" ကိုလည်း ဗုဒ္ဓဘာသာဝင်များက "မေတ္တာအခါတော်နေ့" ဟု သတ်မှတ်ခဲ့ကြပေသည်။
#အိုးဝေ✍️
(ဖတ်ဖူး၊ မှတ်ဖူး၊ ကြားနားဖူးသမျှထဲ
မှ ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါသည်)
#မေတ္တသုတ်ပရိတ်တော် #dailylife #love #peace #foryou #viral #dhamma