Перейти к содержимому

အပ်မှိုချဉ်စပ်

Cook for K1

0:00 / 0:00

အပ်မှိုချဉ်စပ်

18 335 просмотров · 4 года назад
Cook for K1
462 тыс. подписчиков
18 335 просмотров · 4 года назад
ချဉ်ချဉ်စပ်စပ် နဲ့ ခါးတွင်းတွေ့စေမယ့် အပ်မှိုချဉ်စပ်ဟင်းလေးပါ... ချက်နည်းဗီဒီယိုကြည့်ရန်    • အပ်မှိုချဉ်စပ်   ချက်နည်းလေးက ရိုးရှင်းပြီး စားလို့ကောင်းတဲ့ ဟင်းတခွက်လည်းဖြစ်ပါတယ်။ ပထမဆုံး ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ထောင်းထားပါ။အစပ်အရသာကြိုက်တယ်ဆိုရင် ငရုတ်သီးစိမ်းပိုထည့်ပါ။ ဒယ်အိုးထဲမှာ ထောင်းထားတာကို မွှေးနေအောင် ဆီသတ်ပါမယ်။ ပုစွန်ငါးပိ အနည်းငယ်ထည့်ပါမယ်။ ပါးပါးလှီးထားတဲ့ ခရမ်း ချဉ်သီးထည့်ပြီး ကြော်ပါ။ အရသာအတွက် ကြက်သားသို့ အချိုမှုန့်။ ငါးငံပြာရည် ထည့်ပြီး မွှေပေးပါမယ်။ ‌ခရမ်းချဉ်သီး နူးအိစေဖို့ ရေထည့်မယ်။ အရည်သောက်ပုံစံစားမယ်ဆိုရင်တော့‌ရေပိုထည့်ပေးပါ။ ခရမ်းချဉ်သီးနူးအိလာရင် အပ်မှိုတွေထည့်မယ်။ အကြာကြီး အပူပေးစရာမလိုဘဲ အပ်မှိုတွေပျော့လာရင် မီးပိတ်ပါ။ ပြီးတာနဲ့ သံပုရာသီးကို မိမိစိတ်ကြိုက်ညှစ်ထည့်နိုင်ပါပြီ။