ရိုးမရိပ်သာမှ တန်ဖိုးနည်းအခန်း (၈၇၀) ကျော်အတွက် လျှောက်ထားသူ (၂၈၀၀၀) ကျော်ခန့်ရှိနေ
BETV Business
0:00 / 0:00
ရိုးမရိပ်သာမှ တန်ဖိုးနည်းအခန်း (၈၇၀) ကျော်အတွက် လျှောက်ထားသူ (၂၈၀၀၀) ကျော်ခန့်ရှိနေ
1 427 просмотров · 1 год назад
BETV Business
91,6 тыс. подписчиков
1 427 просмотров · 1 год назад
ရိုးမရိပ်သာမှ တန်ဖိုးနည်းအခန်း (၈၇၀) ကျော်အတွက် လျှောက်ထားသူ (၂၈၀၀၀) ကျော်ခန့်ရှိနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ အခန်း (၈၇၄) ခန်းအတွက် လျှောက်ထားသူ (၂၈၀၀၀) ကျော်ခန့်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်)ကနေ သိရပါတယ်။
ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်တွေကို ရိုးမရိပ်သာက တန်ဖိုးနည်းအခန်းတွေကို ရောင်းချပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။
ထို့နောက် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၁ ရက်နေ့အထိ စုစုပေါင်းလျှောက်လွှာ (၃၀၀၀၀) ကျော်ခန့် ရောင်းချခဲ့ရတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်)က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
လျှောက်လွှာတွေကို သတ်မှတ်ပုံစံအတိုင်း ဖြည့်သွင်းပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်တင်ပြရမယ်လို့ ကြေညာခဲ့ပါတယ်။
လျှောက်လွှာဝယ်ယူသူ (၃၀၀၀၀) ကျော်ထဲကနေ သတ်မှတ်ကာလမှာ တန်ဖိုးနည်းအခန်းဝယ်ယူလိုတဲ့ လျှောက်လွှာပြန်လည်တင်ပြသူ (၂၈၀၀၀) ကျော်ခန့်ရှိတယ်လို့ ဆိုပါတယ်။
ဝယ်ယူလိုကြောင်း ပြန်လည်တင်ပြလာတဲ့ လျှောက်လွှာတွေကို အိမ်ရာရောင်းချရေးကော်မတီကနေ စိစစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လျှောက်လွှာတွေကို မဲစနစ်နဲ့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။
လျှောက်ထားသူ (၂၈၀၀၀) ကျော်ထဲကနေ မဲပေါက်သူတွေကို အကြောင်းကြားစာ ပေးပို့သွားမယ်လို့လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
၆ ခန်းတွဲ ၄ ထပ် အဆောက်အဦ အခန်းတန်ဖိုးအဖြစ် ကျပ်သိန်း ၁၇၀ ကနေ ကျပ်သိန်း ၃၂၀ ၊ ၁၂ ခန်းတွဲ ၄ ထပ် အဆောက်အဦ အခန်းတန်ဖိုးအဖြစ် ကျပ်သိန်း ၁၂၀ မှ ကျပ်သိန်း ၂၀၀ အထိ သတ်မှတ်ထားပါတယ်။
သတင်း - BETV Business
▶BETV Business News Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #Yoma_Yeiktha_Affordable_Housing #874_Units #DUHD_YGN #Yangon_Regional_Government