လူတိုင်းသိသင့်တဲ့ C ပိုးအကြောင်း သိပြီးပြီလား? (You Tube)
Doc Htat
0:00 / 0:00
လူတိုင်းသိသင့်တဲ့ C ပိုးအကြောင်း သိပြီးပြီလား? (You Tube)
47 205 просмотров · 5 лет назад
Doc Htat
1,02 млн подписчиков
47 205 просмотров · 5 лет назад
လူတိုင်းသိသင့်တဲ့ C ပိုးအကြောင်း သိပြီးပြီလား?
.
.
.
အသည်းရောင် အသားဝါ ဆီပိုးဟာ Virus အမျိုးအစားဖြစ်ပြီး အသည်းမှာ ရောင်ရမ်းမှုကိုဖြစ်စေတယ်။ တခါတရံ အသည်းကို ပြင်းပြင်းထန်ထန် ပျက်ဆီးစေပါတယ်။ အသည်းရောင်အသားဝါဆီပိုးဟာ ရောဂါရှိတဲ့ သွေးကတဆင့်ပျံ့နှံ့တာဖြစ်ပါတယ်။
အရင်က ဆီပိုးဟာ အပတ်စဉ်ဆေးထိုးတာ၊ ဆေးသောက်တာ လုပ်ပေမယ့် ထိထိရောက်ရောက်မကုသနိုင်ကြဘူး။
.
.
.
ဒါပေမယ့် အခုတော့အားလုံးပြောင်းလဲသွားပါပြီ။ ဒီနေ့ချိန်မှာတော့ နာတာရှည်ဆီပိုးဝေသနာသည်တွေတောင် သောက်ဆေး နေ့စဉ်သောက်ပြီး ၂ လ မှ ၆ လထိ သောက်တာနဲ့ ပျောက်ကင်းအောင် ကုသနိုင်နေပါပြီ။
ဒါကြောင့် ဆီပိုးဖြစ်တယ်ဆိုပြီး စိတ်ဓါတ်ကျမနေပါနဲ့။ ရောဂါရှိမရှိစစ်ဆေးပါ။ ရှိတာနဲ့ ကုသမှုခံယူပါ။ ခုချိန်မှာ အရင်လို ပိုက်ဆံတွေအများကြီးမကုန်တော့ပါဘူး။ ဆေးတွေလည်း မထိုးရတော့ပါဘူး။ သောက်ဆေးနဲ့ပျောက်ကင်းအောင် လုပ်နိုင်ပြီမို့ ပိုးတွေ့တာကို အရမ်းကြောက်စရာမလိုတော့ပါဘူး။
.
.
.
ဘာလို့ သွေးစစ်ဖို့ ကျနော့်အနေနဲ့ ဒီလို တိုက်တွန်းသလဲဆိုတော့ ဆီပိုးရောဂါရှိသူရဲ့ တစ်ဝက်လောက်ဟာ သူတို့ကို သူတို့ ပိုးရှိကြောင်းမသိကြဘူး။ အဓိကကတော့ လူကောင်းအတိုင်းဖြစ်နေပြီး ဘာ လက္ခဏာမှမရှိလို့ပါပဲ။
.
Doc Htat ရဲ့ facebook ကို Like မလုပ်ထားသေးတဲ့သူများ Doc Htat Page ကို ကျေးဇူးပြု၍ Like လုပ်ထားပါ။ Doc Htat ရဲ့ Youtube channel ကို Subscribe မလုပ်ထားသူများ Doc Htat ရဲ့ Youtube channel ကို Subscribe လုပ်ထားပါ လို့ အကြံပြုလိုပါတယ်။
.
.
.
ဆီပိုးရှိတဲ့ သူတွေဖြစ်တတ်တဲ့ လက္ခဏာလေးတွေ
၁ သွေးထွက်လွယ်တယ်။
၂ သွေးချေဥလွယ်တယ်။
၃ ခြေကုန်လက်ပန်းကျအောင် ပင်ပန်းတယ်။
၄ အစာအသောက်ပျက်တယ်။
၅ အသား၊ မျက်လုံးဝါတယ်။
၆ ဆီးအရောင်ရင့်တယ်။
၇ အသားယားတယ်။
၈ ရေဖျင်းဆွဲတယ်။
၉ ခြေထောက်တွေဖောမယ်။
၁၀ ကိုယ်အလေးချိန်ကျမယ်။
၁၁ အသည်းကဦးနှောက်ကို ထိခိုက်မှု ဖြစ်ရင် ကယောင်ကတမ်းတွေ ထအော်တာ၊ စကားပြောရင် မပီကလာ ပီကလာဖြစ်တာ၊ ငိုက်နေတာ ဖြစ်မယ်။
၁၂ အရေပြားမှာ အနီရောင် အကွက်လေးတွေဖြစ်တတ်တယ်။
.
.
.
Causes (ဖြစ်တတ်တဲ့ အကြောင်းအရင်း)
အသည်းယောင်အသားဝါ စီပိုးကြောင့်ဖြစ်တတ်ပါတယ်။
ရောဂါရှိတဲ့သူရဲ့ သွေးနဲ့ ထိတွေ့မိပြီး ရောဂါအကူးခံရတာဖြစ်ပါတယ်။
.
.
ရောဂါအကူးအစက် ခံရနိုင်ခြေများသူများ
၁ ကျန်းမာရေးဝန်ထမ်းတွေ အပ်ကိုင်ရတဲ့အတွက် ရောဂါရှိတဲ့သူတွေဆီက အလွယ်တကူ အကူးခံရနိုင်ပါတယ်။
၂ မူးယစ်ဆေးသုံးသူတွေ အပ်မသန့် အပ်ကိုမျှသုံးရင်ဖြစ်တတ်ပါတယ်။
၃ HIV ရှိတဲ့သူတွေမှာဖြစ်တတ်ပါတယ်။
၄ မသန့်ရှင်းတဲ့ အပ်နဲ့ တက်တူးထိုးတာကနေလည်း အကူးခံ၇နိုင်ပါတယ်။
၅ သွေးသွင်းတာ၊ ကိုယ်လက်အင်္ဂါ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသတဲ့အခါ ကူးစက်ခံရနိုင်ပါတယ်။
၆ ကျောက်ကပ်ဆေးတဲ့အခါ ရောဂါကူးစက်ခံရနိုင်ပါတယ်။
၇ ဆီပိုးရှိတဲ့ အမေမှ ကလေးသို့ ရောဂါကူးစက်ခံရနိုင်ပါတယ်။
.
.
.
နောက်ဆက်တွဲဆိုးကျိုးတွေကတော့
၁ အသည်းခြောက်တာဖြစ်တတ်ပါတယ်။
၂ အသည်းကင်ဆာဖြစ်တတ်ပါတယ်။
၃ အသည်းပျက်တာဖြစ်တတ်ပါတယ်။
.
.
.
ဒါကြောင့် အသည်းရောင် အသားဝါ ဆီပိုးကို လုံးဝမပေါ့ပါနဲ့လို့ပြောချင်ပါတယ်။
နောက်ဆက်တွဲလက္ခဏာပြင်းထန်ပါတယ်။ လူကို အသက်အန္တရာယ်ထိဖြစ်တတ်ပါတယ်။
ရောဂါကိုမြန်မြန်စစ်ဆေးပါ။ မြန်မြန်ကုသပါလို့ အကြံပေးချင်ပါတယ်။
.
.
.
ဒီ Video ကို အများပြည်သူကို ပြန်လည် မြင်အောင် SHARE ပေးပါလို့ အကြံပြုလိုက်ပါတယ်။
.
.
.
/ @dochtat