Перейти к содержимому

Khit Thit Evening News | 17 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 17 October 2026

314 479 просмотров · 19 ч назад
Khit Thit Media
3,3 млн подписчиков
314 479 просмотров · 19 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အပြင် ၊ တိုင်းရင်းသား တွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေကို ဆွေးနွေးရှာဖွေကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ အထူးကိုယ်စားလှယ် ဒင်ရှီကျွှန်းက ပြောဆိုလာပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အရပ်သားတွေနေတဲ့ သစ်ကြီးတောကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးထားပြန်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ သူတို့ကိုယ်တိုင် တောင်းဆိုထားတဲ့ ကတိကဝတ်တွေကို ပြန်လည်သတိရဖို့နဲ့ လက်တွေ့ကျတဲ့ ရလဒ်တွေ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် (Kim Aris) က တောင်းဆို လိုက်ပါတယ်။ အမေရိကန်သာ အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာရင် Hormuz ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်က ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်