Перейти к содержимому

Tutorial 4 − Camera Angles

Naung Naung - Indie Filmmaker

0:00 / 0:00

Tutorial 4 − Camera Angles

675 просмотров · 2 нед. назад
Naung Naung - Indie Filmmaker
1,98 тыс. подписчиков
675 просмотров · 2 нед. назад
Videography ကို ခုမှစလေ့လာတဲ့သူတွေအတွက် သိကိုသိထားရမယ့် Camera Angles အကြောင်း Full Tutorial ပါ။ 🎥 တကယ်တော့ ဒီ Video မှာ ကျနော်ပြောချင်တာက အပင်ပန်းခံပြီး ရိုက်ဖို့လိုတယ် ဆိုတာပါပဲ။ တစ်နေရာထဲမှာ မတ်တပ်ကြီးရပ်ပြီး အစကနေအဆုံးထိ Wide Shot တစ်မျိုးတည်းနဲ့ ရိုက်တာမျိုး မလုပ်ကြပါနဲ့။ ဖုန်းပဲဖြစ်ဖြစ်၊ Camera ပဲဖြစ်ဖြစ် 24mm တစ်မျိုးပဲရှိတယ်ဆိုလည်း ရပါတယ်။ Lens မပြောင်းနိုင်ရင် ကိုယ်က နေရာပြောင်းပါ။ Close-up လိုရင် ရှေ့တိုးပါ။ Wide Shot လိုရင် နောက်ဆုတ်ပါ။ Low Angle လိုရင် အောက်ဆင်းပါ။ High Angle လိုရင် အပေါ်တက်ပါ။ Angle တစ်ခုပြောင်းတိုင်း လမ်းလျှောက်ရမယ်၊ ထိုင်ရမယ်၊ ကုန်းရမယ်၊ တစ်ခါတလေ ပြေးရမယ်။ 😁 ကြည့်ကောင်းတဲ့ Video တစ်ခုရဖို့ Camera ကပဲ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ Camera နောက်ကလူကလည်း အလုပ်လုပ်နေရပါတယ်။ ဒါကြောင့် Gear ဘာရှိလဲဆိုတာထက် ကိုယ် ဘယ်လောက်ရွေ့ပြီး ရိုက်နိုင်လဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒီတော့ လူကြီးမင်းတို့ လှုပ်နေမှ ရပါမယ် 😂 စတာပါ ….😁 ပိုအားထုတ်၊ ပိုအပင်ပန်းခံပြီး ရိုက်ကူးကြပါလို့ပဲ မှာချင်ပါတယ်ဗျာ …. Naung Naung Indie Filmmaker