Перейти к содержимому

အလ္လာ့ဟ်ကို နာခံခြင်းနဲ့ ရစူလ်ကို နာခံခြင်း (အပိုင်း -3) | إِطَاعَةُ اللهِ وَإِطَاعَةُ الرَّسُوْلِ

Kyaw Win Official Channel

0:00 / 0:00

အလ္လာ့ဟ်ကို နာခံခြင်းနဲ့ ရစူလ်ကို နာခံခြင်း (အပိုင်း -3) | إِطَاعَةُ اللهِ وَإِطَاعَةُ الرَّسُوْلِ

282 просмотра · 3 месяца назад
Kyaw Win Official Channel
1,07 тыс. подписчиков
282 просмотра · 3 месяца назад
#fyp #ကျွန်တော် ဒီနေ့ (إِطَاعَةُ اللهِ وَإِطَاعَةُ الرَّسُوْلِ) “အလ္လာ့ဟ်ကို နာခံခြင်းနဲ့ ရစူလ်ကို နာခံခြင်း” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အပိုင်း ၃-ကို တင်ပြပါမယ်။ ဒီတင်ပြချက်က ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ မရည် ရွယ်ဘူးဆိုတာကို ကြိုတင်ပြီး အသိပေးပါရစေ။ ကျွန်တော်မြင်တဲ့ မုဟမ္မဒွတ်ရ် ရစူလွတ်လ္လာဟ်ကို ကုရ်အာန်နဲ့ သက်သေပြဖို့သာလျှင် ရည်ရွယ်ပါတယ်။ ဒီနေရာမှာ အထူးရှင်းလင်းလိုတာက အပိုင်း ၂-မှာ တုန်းက ‘ကုရ်အာ့န် theory ရှေ့မှာ’ လို့ ပြောလိုက်တာက ‘ကုရ်အာန်ကနေ အယူအဆ တခုကို ထုတ်ယူတဲ့ အခါ’ ကို ပြောတာပါ။ ကုရ်အာန်က ပြောထားတဲ့ မုဟမ္မဒ်ဆိုတာကို ကျွန်တော်က ‘လူတဦးရဲ့ ပုဂ္ဂလနာမ် အဖြစ်ရော နာမဝိသေသနအဖြစ်ရော’ ရှုထောင့်နှစ်မျိုး အနက်ကောက်တယ်။ တချို့ကျတော့ လူမဟုတ်ဘဲ နာမဝိသေ သနလို့ပဲ ကောက်ယူတယ်။ ဒီနှစ်ခုစလုံးက theory တွေပဲ။ ကျွန်တော်ပြောတဲ့ ကုရ်အာ့န် theory ဆိုတာ လူသားဘက်က ထုတ်ယူတဲ့ အယူအဆကို ရည်ညွှန်းကြောင်း ရှင်းလင်းလိုပါတယ်။ "ဤချန်နယ်ကို ကြည့်ရှုသူတိုင်းသည် ကုရ်အာန်ကျမ်းတော်မြတ်မှ အသိပညာ ဗဟုသုတများ ရရှိကြပြီး ထိုးထွင်းသိမြင်နားလည်မှုများ ရရှိကာ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ပါစေ။ ထို့ကြောင့် ကျွန်ုပ်၏ချန်နယ်ကို စာရင်းသွင်းပြီး ကျွန်ုပ်၏ဗီဒီယိုများကို တတ်နိုင်သမျှ မျှဝေပါ။"