ထာဝရဘုရား၏ မစ ကွယ်ကာခြင်း။ ( ဆာလံ ၂၃၊ ၄၆၊ ၉၁၊ ၁၂၁ )
The Light of Myanmar
0:00 / 0:00
ထာဝရဘုရား၏ မစ ကွယ်ကာခြင်း။ ( ဆာလံ ၂၃၊ ၄၆၊ ၉၁၊ ၁၂၁ )
26 582 просмотра · 3 года назад
The Light of Myanmar
4,61 тыс. подписчиков
26 582 просмотра · 3 года назад
ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ သင်၏ခြေကိုချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။ အကယ်စင်စစ် ဣသရေလအမျိုးကိုစောင့်သောသူသည် ငိုက်မျဥ်းအိပ်ပျော်ခြင်း ရှိတော်မမူ။ ထာဝရဘုရားသည် သင့်ကိုစောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။ နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကိုကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။
ဆာလံကျမ်း ၁၂၁:၁-၈
နှုတ်ကပတ်တော်ကိုအစဉ်မျှော်ကြည့်ပါ။