ဥရောပမှာ ကစားနေတဲ့ ကချင်အမျိုးသမီး ဘောလုံးသမား
BBC News မြန်မာ
0:00 / 0:00
ဥရောပမှာ ကစားနေတဲ့ ကချင်အမျိုးသမီး ဘောလုံးသမား
84 901 просмотр · 3 года назад
BBC News မြန်မာ
2,74 млн подписчиков
84 901 просмотр · 3 года назад
ဘောမ်လုံ ဟာ ကချင် ပြည်တွင်းစစ်ကြောင့် မြန်မာပြည်က ထွက်ပြေးလာရင်း ဥရောပက အမျိုးသမီး ဘောလုံးကလပ်အသင်းတခုမှာ အောင်မြင်နေတဲ့ အမျိုးသမီးငယ်တယောက်ပါ။
သူမွေးပြီးစ အသက်၂နှစ်၀န်းကျင်မှာ မြန်မာကနေ မလေးရှားကို စစ်ရှောင်အဖြစ် ခိုလှုံခဲ့ရာက ကုလသမဂ္ဂရဲ့ ဒုက္ခသည် အစီအစဥ်နဲ့ ရိုမေးနီးယားမှာ တမိသားစုလုံး နေရာ ချထားခံခဲ့ရတာပါ။
ရိုမေးနီးယား ဒုက္ခသည်စခန်းတွေမှာ အခက်အခဲမျိုးစုံကြုံရလို့ မနေနိုင်တာကြောင့် ဒိန်းမတ်ကို ခိုလှုံပြန်တော့လဲ ရိုမေးနီးယား အစိုးရက ပြန်ခေါ်ခဲ့တာကြောင့် ဒိန်းမတ်နဲ့ ရိုမေးနီးယား အပြန်အလှန်ကူးသန်းရင်း ဒုက္ခသည်စခန်းတွေမှာဘောလုံးကစားကာ ကြီးပြီးခဲ့ရသူပါ။
အခုတော့ ခိုင်မာတဲ့ စိတ်ဓါတ် ၊ မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ရိုမေးနီးယားက ထိပ်တန်း အမျိုးသမီးဘောလုံးကလပ်အသင်းတခုမှာ ကစားဖို့ ရွေးချယ် ခန့်ထား ခံခဲ့ရပါတယ်။
သူဘ၀အကြောင်း ၊ ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ သူ့စိတ်ကူး အိပ်မက်တွေ အကြောင်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဘောလုံး #ကချင် #အမျိုးသမီး