စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေ မြို့ပြမှာပိုဆိုးလာနေ - ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ်
BBC News မြန်မာ
0:00 / 0:00
စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေ မြို့ပြမှာပိုဆိုးလာနေ - ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ်
46 335 просмотров · Трансляция закончилась 14 часов назад
BBC News မြန်မာ
2,76 млн подписчиков
46 335 просмотров · Трансляция закончилась 14 часов назад
မန္တလေးမှာ အရပ်ဝတ်နဲ့လူတစ်စုက စစ်မှုထမ်းဖို့ဆိုပြီး နေတိုင်းနီးပါး ဖမ်းဆီးမှု ပိုဆိုးလာနေတယ်လို့ မြိုခံတွေက ပြော။
ကျောက်တော်က အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူ အယောက် ၅၀ ထက် မနည်း၊ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ။
ထားဝယ်မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှု ဖြစ်ခဲ့တာ တစ်ပတ်နီးပါး ရှိလာပြီး တချို့နေရာတွေမှာ ရေပြန်ကျသွားပေမယ့် စာနာမှုအကူအညီတွေ လိုအပ်နေဆဲ။
အာရှအားကစားပွဲတော် Esports ပြိုင်ပွဲ Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း အနိုင်ရလို့ ဗိုလ်လုပွဲ တက်
ကိုရီးယားစစ်မဲ့ဇုန်မှာ စစ်သား သုံးယောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား လက်ချက်ဆိုတဲ့ တောင်ကိုရီးယားရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ
ဒူဘိုင်းကနေ တဲလ်အဗစ်မြို့ကို ပျံတဲ့ လေယာဉ်မှာ လေယာဉ်မှူးတွေကြား အခြေအတင် စကားများတဲ့ သတင်းထွက်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျမှာ လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ။
ဂါဇာမှာ ဘတ်စ်ကားတစ်စီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပြီး လူငါးယောက် သေဆုံးသွားတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြော။
ယူကရိန်းမှာ နိုင်ငံတစ်ဝန်း မနေ့ညက ရုရှားတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူငါးယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတဇလန်းစကီး ပြော။
ဥရောပသမဂ္ဂရဲ့ Copernicus Atmosphere Monitoring Service အဖွဲ့ က အခုနှစ် အတွင်း အပူလှိုင်းတွေ၊ တောမီးလောင်ကျွမ်းမှုတွေနဲ့ လူသားတွေကြောင့်ဖြစ်တဲ့ ကာဗွန် ထုတ်လွှတ်မှုတွေ ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ အဆိုးရွားဆုံး အိုဇုန်း လေထုညစ်ညမ်းမှုကို ခံစားကြရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်။
-တရုတ် AI ကုမ္ပဏီ Moonshot ရဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုက ဖန်တီးထားတဲ့ မော်ဒယ်နှစ်ခုဟာ ဓာတုနဲ့ ဇီဝလက်နက်တွေ ပြုလုပ်နည်းတွေအပြင် လုပ်ကြံသတ်ဖြတ်မှုတွေဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေအကြောင်း ဆွေးနွေးစေဖို့ ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် သူတို့အနေဖြင့် ကုမ္ပဏီတွင်း ပြန်သုံးသပ်မှုတစ်ရပ် လုပ်နေတယ်လို့ ပြောပါတယ်။
-အမေရိကန် ပြည်ထောင်စု အလက်စကာပြည်နယ်Katmai အမျိုးသားဥယျာဉ်မှာ နှစ်စဉ် ကျင်းပတဲ့ "Fat Bear Week" ( ဝဖြိုးတဲ့ဝက်ဝံရွေးပွဲ) မှာ "89Backpack" ဆိုတဲ့ ဝက်ဝံက အနိုင်ရ။
သီရိလင်္ကာမှာ ဝန်ကြီးဟောင်းတယောက်ကို သဘာဝဘေးအတွက် သုံးဖို့ ပေးထားတဲ့ ကားကို ကိုယ်ပိုင်ကိစ္စတွေမှာ ငါးနှစ်ကြာ သုံးခဲ့တယ်ဆိုပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း နဲ့ သတင်းစာ သုံးစောင်မှာ တောင်းပန်စာ ထုတ်ပြန်ပေးဖို့ အမြင့်ဆုံးတရားရုံးကအမိန့်ချမှတ်လိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://bbc.in/2TSNLYZ
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
#ဘီဘီစီမြန်မာပိုင်း