Перейти к содержимому

အလှူငွေ အလွဲသုံးစားမှုနဲ့သီရိလင်္ကာ သမ္မတကတော်ဟောင်းဖမ်းဆီးခံရ

Myanmar Now News

0:00 / 0:00

အလှူငွေ အလွဲသုံးစားမှုနဲ့သီရိလင်္ကာ သမ္မတကတော်ဟောင်းဖမ်းဆီးခံရ

12 163 просмотра · 1 дн. назад
Myanmar Now News
1,21 млн подписчиков
12 163 просмотра · 1 дн. назад
အလှူငွေ အလွဲသုံးစားမှုနဲ့သီရိလင်္ကာ သမ္မတကတော်ဟောင်းဖမ်းဆီးခံရ တစ်ချိန်က သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံရေးအာဏာကို မိသားစုလိုက် ချုပ်ကိုင်ခဲ့တဲ့ ရာဂျာပက်ဆာ မိသားစုဝင်တွေဟာ အခုတော့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူခံနေရပါတယ်။ သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ဆာရဲ့ ဇနီးဖြစ်သူ၊ သမ္မတကတော်ဟောင်း ရှီရန်သီ ရာဂျာပက်ဆာကို အောက်တိုဘာ ၇ ရက်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ သမ္မတကတော်အဖြစ် တာဝန်ယူခဲ့စဉ်က ပရဟိတအဖွဲ့အစည်းအတွက် ရရှိခဲ့တဲ့ အလှူငွေတွေကို အလွဲသုံးစားပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာပါ။ အဲဒီအလှူငွေတွေဟာ အစိုးရဆေးရုံတစ်ရုံအတွက် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ဝယ်ယူဖို့ နိုင်ငံပိုင်ဘဏ်တစ်ခုက လှူဒါန်းထားတဲ့ ငွေကြေးတွေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ရှီရန်သီ ရာဂျာပက်ဆာကို နေအိမ်မှာ စစ်ဆေးမေးမြန်းပြီးနောက် တရားရုံးကို ခေါ်ဆောင်သွားခဲ့ပြီး တရားရုံးက စုံစမ်းစစ်ဆေးမှုတွေအတွက် တစ်ပတ်ကြာ ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ မကြာသေးခင်က မျက်စိခွဲစိတ်ကုသမှု ခံယူထားတဲ့ ရှီရန်သီ ရာဂျာပက်ဆာဟာ ဖမ်းဆီးခံရချိန်မှာ မျက်လုံးတစ်ဖက်ကို ပတ်တီးစည်းထားရဆဲ ဖြစ်ပါတယ်။ ရာဂျာပက်ဆာမိသားစုဝင်တွေထဲမှာ သူတစ်ဦးတည်း ဖမ်းဆီးခံရတာ မဟုတ်ပါဘူး။ သမ္မတဟောင်းရဲ့သားဖြစ်သူ၊ လွှတ်တော်အမတ် နာမယ် ရာဂျာပက်ဆာလည်း လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ရာဂျာပက်ဆာမိသားစုဟာ ၂၀၀၉ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံရဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ပြီးနောက် ဆင်ဟာလာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအကြား အလွန်ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုနဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်မှု စွပ်စွဲချက်တွေကြောင့် လူထုထောက်ခံမှု ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ မိသားစုဝင် ဂိုတာဘာယာ ရာဂျာပက်ဆာ သမ္မတဖြစ်လာခဲ့ပေမယ့် ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်မှာ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ သမ္မတရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ အနူရာ ကုမာရာ ဒစ်ဆာနာယာကေးက ရာဂျာပက်ဆာမိသားစုအပါအဝင် ယခင်အစိုးရတွေရဲ့ အဂတိလိုက်စားမှုတွေကို အရေးယူမယ်လို့ ကတိပြုထားပါတယ်။ တစ်ချိန်က သီရိလင်္ကာနိုင်ငံရဲ့ အာဏာအရှိဆုံး မိသားစုဟာ အခုတော့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရားဥပဒေရှေ့မှာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ #SriLanka #Rajapaksa #ShiranthiRajapaksa #Corruption #MyanmarNow #WorldNews