နာဘွာလ်းရွာလေး နဲ့အတူ တစ်နိုင်ငံလုံးကအားပေးနေတဲ့ ဗန်ရဲ့ချန်ပီယံကာကွယ်ပွဲ | People's Spring
People's Spring
0:00 / 0:00
နာဘွာလ်းရွာလေး နဲ့အတူ တစ်နိုင်ငံလုံးကအားပေးနေတဲ့ ဗန်ရဲ့ချန်ပီယံကာကွယ်ပွဲ | People's Spring
89 245 просмотров · 22 часа назад
People's Spring
699 тыс. подписчиков
89 245 просмотров · 22 часа назад
နာဘွာလ်းရွာလေး နဲ့အတူ တစ်နိုင်ငံလုံးကအားပေးနေတဲ့ ဗန်ရဲ့ချန်ပီယံကာကွယ်ပွဲ
ကဖေး/People's Spring
မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီနေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။
ဆိတ်ငြိမ်သေသပ်လှပတဲ့ ဒီအိမ်လေးပေါ်ကို ထင်းရှူး၊ချယ်ရီပန်းရနံ့၊မြူခိုးနဲ့တိမ်စိုင်၊ကျေးငှက်တေးသံတွေသာမက မိုင်ပေါင်းထောင်ချီအဝေးမှာ နေသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေပါ လွှမ်းခြုံနေပါတယ်။
မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကပရိသတ်တွေက ဗန်လို့ ချစ်စနိုးခေါ်ကြတဲ့ UFC ဖိုက်တာဂျော့ရှုအာဗန်ဟာဟားခါးမြို့အနီး နာဘွာလ်းဆိုတဲ့ ချင်းတောင်ခြေရွာလေးထဲက အဲ့ဒီသစ်သားအိမ်လေးမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်။
နာဘွာလ်းရွာလေးက အိမ်ခြေ၄၀ ခန့်နဲ့ လူဦးရေ ၁၀၀ ခန့်သာရှိပါတယ်။ ဟားခါးမြို့နဲ့ ၅မိုင်ခန့်ပဲဝေးပါတယ်။ဗန်နဲ့ နာဘွာလ်းရွာလေးရဲ့ ဆက်စပ်မှုကိုသိဖို့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် အတိတ်ကို ပြန်သွားကြရအောင်ပါ။
ဗန်ကိုလွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာချင်းတောင်ခြေမှာနေတဲ့ ဦးအုပ်သူး(Pu Uk Tu)နဲ့ ဒေါ် ကြာရီး(Pi Ca Zi)တို့ကမွေးဖွားခဲ့တာပါ။ဦးအုပ်သူကရွန်တလန်းရွာသား၊ဒေါ် ကြာရီးကနှိရ်လောန်းရွာသူ။စစ်အစိုးကခေတ် အဲဒီကာလမှာ ဒေါ် ကြာရီးက ချင်းတောင်ဒေသရဲ့ ရှားရှားပါးပါး ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ဦးအုပ်သူးနဲ့ အကြောင်းပါပြီး သူတာဝန်ကျရာ နာဘွာလ်းရွာလေးမှာ အခြေချပြီး စာသင်ပါတယ်။ ဒီလိုနဲ့ ဗန်ကို နာဘွာလ်းရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
နာဘွာလ်းရွာဟာ ဟားခါးမြို့နဲ့ ၅မိုင်ခန့်သာကွာဝေးပေမယ့် အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရကတော့ချင်းတောင်က တခြားရွာတွေလိုပဲ ဇနပုတ် ဇာတ်သွင်းထားခဲ့ပါတယ်။ နေပြည်တော်ကို အချိန်တိုအတွင်းနန်းတည်ခဲ့တဲ့ စစ်အစိုးရက မြို့နဲ့ လက်တစ်ကမ်းအကွာက နာဘွာလ်းရွာလေးကိုတော့ တိုင်းရင်းသားဒေသကအခြားရွာတွေလိုပဲတောကြီးမျက်မည်းထဲမှာပဲ ထားခဲ့ပါတယ်။ရွာလေးထဲက တစ်ကျောင်းတည်းသော မူလတန်းကျောင်းမှာ ကျောင်းဆရာမအဖြစ် ဗန့်မိခင်တစ်ဦးတည်းကိုပဲ ခန့်အပ်ခဲ့ပါတယ်။ဆယ်ဂဏန်းခန့်သာရှိတဲ့ ကျောင်းသားလေးတွေထဲမှာ ကျောင်းလွယ်အိတ်လေး သိုင်းလွယ်ထားတဲ့ ဗန်ပေါက်စလေးလည်းပါခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ် ဒီဘက်နှစ်တွေမှာ ဗန့်ဖခင်ဟာ မိသားစု စားဝတ်နေရေးအတွက် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံရင်း နာဘွာလ်းရွာမှာရှိတဲ့ ဗန်တို့သားအမိကိုလှမ်းခေါ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းခဲ့ပါတယ်။မလေးရှားမှာ၂ နှစ်ဝန်းကျင်ခိုလှုံပညာသင်ခဲ့ပါတယ်။အဲဒီနောက်သူတို့မိသားစုဟာ၂၀၁၃မှာUNHCR အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကိုပြောင်းရွေ့အခြေခနိုင်ခဲ့ပါတယ်။UNHCR ဆိုတာကတော့ စစ်ပွဲ၊ ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးတဲ့အဖွဲ့ဖြစ်ပါတယ်။
ဗန့်ရဲ့ ဘဝအလှည့်အပြောင်းက အမေရိကားမှာ စတင်ခဲ့ပါတယ်။ တိုက်ရဲခိုက်ရဲ လူပျိုပေါက်လေးဖြစ်နေတဲ့ ဗန်ဟာ ကမ္ဘာကျော်လက်ဝှေ့သမားပက်ကွီအိုကိုအားကျပြီး ကြိုးဝိုင်းထဲဝင်ခဲ့ပါတယ်။ချင်းတောင်ခြေမှာ နီတာရဲဗန်လေးကို ပျိုးထောင်ခဲ့တဲ့ ဗန့်မိခင်ဟာ ရေခြားမြေခြားတိုင်းတပါးမှာလည်း ဗန့်အတွက်နတ်စီတဲ့အိပ်မက်တွေ အသက်သွင်းပေးခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာလေ့ကျင့်နေရင်းမိသားစုဘဝရပ်တည်ရေးအတွက် အနာဂတ်ကိုစိတ်ပူနေတဲ့ဗန်ကို မိခင်ဖြစ်သူက သူ့ဘဏ်ကဒ်ထုတ်ပေးပြီး နောက်ဆံမတင်းဖို့ အားပေးခဲ့ပါတယ်။ မိခင်ရဲ့ချစ်ခြင်းမေတ္တာဟာသူ့ဘဝအောင်မြင်မှုအတွက်အရမ်းအရေးပါခဲ့တယ်လို့ ဗန်က မကြာခဏထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗန်ရဲ့အဒေါ်ရဲ့အခန်းကဏ္ဍကလည်းအရေးကြီးခဲ့တယ်လို့ ဗန်ကအင်တာဗျူးတွေမှာပြောကြားခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက အထိုးအကြိတ်ဝါသနာပါပြီး ရန်ဖြစ်လာတိုင်း လက်စွမ်းပြလေ့ရှိတဲ့ ဗန်ကို အဒေါ်ဖြစ်သူက ထိုးကြိတ်တာဝါသနာပါရင်MMA ကစားဖို့ အမျှော်အမြင်ရှိရှိလမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဟူစတန်မြို့ အခြေစိုက် Fury FC က စီစဉ်တဲ့ MMA ပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ခဲ့ပြီး ဗန်ဟာ ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးမှတ်တမ်းစိုက်ထူးခဲ့ပါတယ်။၂၀၂၃ မှာတော့ ဗန် နဲ့ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲတွေ တောက်လျှောက်ဆိုသလိုထိုးသတ်ခဲ့ပါတယ်။ ဗန်ဟာ UFCမှာ ၁ ပွဲပဲရှုံးပြီးနိုင်ပွဲဆက်ခဲ့ပါတယ် ။ဒါကြောင့် UFC 317 မှာတော့ ဝိတ်တန်းအဆင့်မှာ အဆင့် ၂ ဖြစ်နေတဲ့အမေရိကန်ဖိုက်တာ ဘရာတွန်ရိုင်ဗယ်နဲ့ ယှဥ်ပြိုင်ရပါတယ် ။ အကြောက်အလန့်ကင်းကင်းနဲ့ ဗန်က ဝါရင့် ဘရာတွန်ရိုင်ဗယ် ကို အံအားမှင်သက်အောင် လက်စွမ်းပြခဲ့ပါတယ် ။ အကြိတ်အနယ်ယှဥ်ပြိုင်ထိုးသတ်ရင် ဗန်က အနိုင်ရပြီးနောက်ဖလိုင်းဝိတ်တန်း ချန်ပီယံ ပန်တိုဂျာကို စိန်ခေါ်ခွင့်ရခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဂျော့ရှုအာဗန် #ဗန် #ဖလိုင်းဝိတ်ချန်ပီယံ #ချန်ပီယံကာကွယ်ပွဲ #နာဘွာလ်းရွာ #ချင်းတောင်တန်း #မြန်မာ့ဂုဏ်ဆောင် #မြန်မာပြည်သူများနှင့်အတူ #အိမ်ပြန်ခရီး #JoshuaVan #TheFearless #UFCFlyweight #UFCFlyweightChampion #TitleDefense #UFC331 Roots & Solidarity #ChinState #MyanmarPride #StandWithMyanmar #FromChinToTheWorld