Перейти к содержимому

100 Years of Myanmar Fashion

3 minute myanmar

0:00 / 0:00

100 Years of Myanmar Fashion

53 648 просмотров · 8 лет назад
3 minute myanmar
1,67 тыс. подписчиков
53 648 просмотров · 8 лет назад
အခု ၃၀မြောက် အထူးစပယ်ရှယ် ဗီဒီယိုလေးလာပါပြီ။ မြန်မာအမျိုးသမီးတွေရဲ့ ဖက်ရှင် ဆင်ယင်မှုတွေကို နှစ်အလိုက်ပြောင်းလဲလာတာကို ကွဲကွဲပြားပြားမြင်ရမှာပါ။ ကြည့်ရုံနဲ့ ဘယ်ခေတ် ဘယ်ဖက်ရှင် ခေတ်စားလဲ မှန်းလို့ရမှာပါ။ ပညာရှင်တွေရဲ့ စုပေါင်းလုပ်ဆောင်မှုနဲ့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အားပေးကူညီမှုကြောင့် ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပါပြီ။ လုပ်ရတဲ့ ရည်ရွှယ်ချက်က Youtube နဲ့ အင်တာနက်မှာ 100 years fashion လို့ရှာလိုက်ရင် နိုင်ငံတိုင်းရဲ့ ဖက်ရှင်တွေ ဝေဝေဆာဆာတွေ့ရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ဗီဒီယိုမရှိသေးသလို ဘယ်သူကမှ မလုပ်ကြသေးတော့ မခံနိုင်ဖြစ်ပြီး Yangon Thu Michelle - ရန်ကုန်သူမီရှဲ ကတတ်နိုင်တဲ့ဘောင်အတွင်းက လုပ်ထားပါတယ်။ အားလုံးပဲ ကြည့်ရင်း ပျော်ရွှင်ပါစေနော် .... ❤ ချစ်တဲ့ ရန်ကုန်သူမီရှဲ အထူးကျေးဇူးတင်လွှာ ပုံတွေ စာတွေ စစုတုန်းက သိလိုသမျှပြောပြပေးတဲ့ အပြင် ရှိသမျှကို မတွန့်မဆုတ်ဝေမျှပေးတဲ့ ကို Kyaw Maung Maung Htut ။ Lin San Tyna သူတင်သမျှပုံတွေထဲက လေ့လာရတယ်။ ရန်ကုန်တက္ကသိုလ်များဗဟိုစာကြည့်တိုက်က စာအုပ်တွေကို လိုအပ်သလို ပေးကြည့်တဲ့ တာဝန်ရှိသူများ။ ပုံတွေ ခေတ်အလိုက်ခွဲပေးတဲ့ MoMo Win Tinနဲ့ မိုမို့အဘွား။ သိသမျှပြောပြပေးတဲ့ မန်းလေးက မိတ်ကပ် DaungDaung DaungDaung။ အဝတ်အစားနဲ့ လက်ကိုင်အိတ်တွေကို ပုသိမ်ကနေ တကူးတကယူပေးတဲ့ မ Olive Oyl Make-up Artistry ။ အမေ့အင်္ကျီနဲ့ ထမီတွေ ယူလာပေးတဲ့ မSaw Thinzar Htaik ။ illustration တွေကို စိတ်တိုင်းမကျမချင်းဆွဲပေး လိုတာတွေကူရှာပေး အင်္ကျီတွေကို စိတ်နှစ်ပြီးသေသေချာချာချုပ်ပေးတဲ့ Li Ying styling လဲသူပဲ။ မေစံပယ်ရေ ... ဒါတွေ ဒါတွေလိုတယ် လုပ်ပေး ဒီလိုလိုချင်တယ်ဆိုတာနဲ့ သတိပေးစရာမလိုအောင် အစအဆုံး ပြင်ဆင်ပေးတဲ့ မိတ်ကပ် Mayzabae Nyo။ ဒီလိုရိုက်မယ်ဆိုတာနဲ့ ရိုက်မယ့်အိုင်ဒီယာ ဘယ်လိုရိုက်မယ်ဆိုတာအစအဆုံးစဉ်းစားပြီးသား ဖြစ်နေတဲ့ ကိုဖြိုးမင်းမြတ် Phyo Min Myat Like Art Creation ။ အသံအတွက် လိုက်ဖက်မယ့် တီးလုံး ပြန်တီးပေးတဲ့ ကိုသားငယ်။ ရုပ်ရှင်ခေတ်က ပိုစတာတွေ စာအုပ်တွေလိုတာပေးတဲ့ ဦးမျိုးဆွေသန်း။ ဒီ ဗီဒီယိုအစအဆုံးဖြစ်လာအောင် ဦးစီးဦးဆောင်လုပ်ပေးတဲ့ IDEA LIVE ။ ဘာလုပ်လုပ်အမြဲ အားပေးကူညီပေးတဲ့ ချစ်သူ Nyi Min San နဲ့ အားပေးကူညီပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်။ #yangonthumichelle #ရန်ကုန်သူမီရှဲ #နှစ်တရာမြန်မာ့ဖက်ရှင် #100yearsmyanmarfashion