Перейти к содержимому

ကော်ဘရာနဲ့ရင်ဆိုင်တဲ့ တပ်မ ၄၄ ဗျူဟာမှူး၊ တပ်မမှူးတွေ ဘယ်လိုအဆုံးသတ်သွားလဲ

Myaelatt Athan

0:00 / 0:00

ကော်ဘရာနဲ့ရင်ဆိုင်တဲ့ တပ်မ ၄၄ ဗျူဟာမှူး၊ တပ်မမှူးတွေ ဘယ်လိုအဆုံးသတ်သွားလဲ

568 331 просмотр · 2 г. назад
Myaelatt Athan
371 тыс. подписчиков
568 331 просмотр · 2 г. назад
၂၀၂၁ နှစ်ကုန်ပိုင်း လေးကေ့ကော်ဒေသက စတင်ခဲ့တဲ့ ကရင်ပြည်နယ်တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ချိန်မှာတော့ ကရင်ပြည်နယ်မှာ ကာလရှည်စခန်းထိုင်ခဲ့တဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံတပ်ရင်းတွေကို ရခိုင်ကနေ ခေါ်ထုတ်လာပြီး မြဝတီ-ဝေါလေလမ်းပိုင်းက ရှေ့တန်းစခန်းကုန်းတွေဆီ ပို့ဆောင်အင်အားဖြည့်ခဲ့လို့ တပ်မ ၄၄ ဟာ ကရင်ပြည်နယ်အတွင်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တပ်မ ၄၄ မရောက်ရှိခင်က အဲ့ဒီဝေါလေဒေသတကြောမှာ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ နဲ့ လက်အောက်ခံတပ်တွေ စစ်ဆင်ရေးဝင်ရောက်နေတာဖြစ်ပြီး ကရင်ပြည်နယ်က ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် တပ်မ ၄၄ ကို ထပ်မံပေါင်းထည့်ခဲ့တာပါ။ တပ်မ ၄၄ တပ်တွေဟာ မြဝတီ-ဝေါလေလမ်းပိုင်းနဲ့ လေးကေ့ကော်ဒေသတလျှောက် အခြေပြုစခန်းထိုင်ပြီး တွေလှုပ်ရှားတာကြောင့် အဆိုပါနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် တခြားသော ပူးပေါင်းစစ်ကြောင်းတွေနဲ့သာ အများဆုံးရင်ဆိုင်ခဲ့ရပါတယ်။ ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း တိုက်ခိုက်ရေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ တပ်တွေကို ကော်ဘရာနဲ့ပူးပေါင်းစစ်ကြောင်းတွေက ခုခံရာမှာ တပ်မမှူး ၁ ဦး၊ ဗျူဟာမှူး ၁ ဦး သေဆုံးပြီး တပ်မမှူး ၂ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။