အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)
150 168 просмотров · 1 год назад
The Irrawaddy News
1,6 млн подписчиков
150 168 просмотров · 1 год назад
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၄
ဦးအောင်ခမ်းထီ ဥက္ကဋ္ဌဖြစ်လာသည့် ၁၉၇၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၁၄ နှစ်တာ ကာလအတွင်း PNO သည် တော်လှန်ရေး လက်နက်ကိုင်များ မဟာမိတ် အစုအဖွဲ့ဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။
သို့သော် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် PNO ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညီလာခံအပြီးတွင် အဆိုပါ အဖွဲ့အစည်းများမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး နောက်တလအကြာ ဧပြီလ ၁၁ ရက်နေ့တွင်မှု PNO တို့ စစ်တပ်နှင့် ငြိမ်းချမ်ရေး ယူခဲ့ကြသည်။
PNO တို့ ငြိမ်းချမ်းရေး ယူသည့်အချိန်က နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ် ခင်ညွန့် ငြိမ်းချမ်းရေး မျက်နှာစာတွင် ရှေ့တန်းရောက်နေသည့်ကာလဖြစ်ပြီး ထိုစဉ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်း အကောင်းအထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌရာထူးကို ယူထားသည်။
ဦးအောင်ခမ်းထီသည် PNO ၏ စီးပွားရေးအင်ပါယာကို စစ်တပ်နှင့် ပူးပေါင်း တည်ဆောက်ခဲ့သကဲ့သို့ လူမျိုးစုတွင်း၊ ဒေသတွင်း ဩဇာအင်ပါယာကိုလည်း ၎င်း၏ လူယုံများကို နေရာပေး တည်ဆောက်ထားနိုင်သူ ဖြစ်သည်။
#မြန်မာ #ဧရာဝတီ #ပအိုဝ်း #ဦးအောင်ခမ်းထီ #ခွန်စံလွင် #Ethnic #PNO
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR