မြန်မာ့မြေပေါ်က ရှေးဟောင်းပစ္စည်းတွေကို ဂျာမန်တွေ ဘယ်လိုယူသွားလဲ
Burma Media
0:00 / 0:00
မြန်မာ့မြေပေါ်က ရှေးဟောင်းပစ္စည်းတွေကို ဂျာမန်တွေ ဘယ်လိုယူသွားလဲ
4 600 просмотров · 1 год назад
Burma Media
5,27 тыс. подписчиков
4 600 просмотров · 1 год назад
ရှေးဟောင်းပစ္စည်းတွေဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အမွေအနှစ် ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကိုလိုနီလက်အောက် ကျရောက်တဲ့ နိုင်ငံတွေရဲ့ ရှေးဟောင်းပစ္စည်းတွေဟာ မူလဒေသကနေ ပုံစံမျိုးစုံနဲ့ ပျောက်ကွယ်နေပါပြီ။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ မြန်မာ့မြေပေါ်က ရှေးဟောင်းပစ္စည်းတွေကို ဂျာမန် ပညာရှင်တွေ၊ ဂျာမန်ရှေးဟောင်းသိုက်တူးသမားတွေက ပုံစံမျိုးစုံ ဖျက်ဆီးယူငင်သွားကြတာ ကိုလိုနီခေတ်ကတည်းပါ။ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ဂျာမန်တွေက ဘယ်လိုဘယ်ပုံယူသွားလဲ။ မြန်မာတွေကရော ဘယ်လိုပြန်တောင်းလဲ။ အခုရော အဲဒီပစ္စည်းတွေရှိသေးလား။ ဒီအကြောင်းအပြည့်အစုံကိုတော့ Burma Media က တင်ဆက်တဲ့ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။
Burma Media ရဲ့ အသစ်အသစ်သော ရှင်းလင်းတင်ဆက်ရုပ်သံ Explainer Video တွေကို Burma Media TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်။
----------------------------------
ဉာဏဆိုင်ရာမူပိုင်ခွင့် (Intellectual Property Rights) ကို လေးစားသောအားဖြင့် Burma Media က တင်ဆက်သည့် ရှင်းလင်းတင်ဆက်ရုပ်သံ (Explainer Video) များအား ကူးယူဖော်ပြခြင်းမပြုဘဲ ထပ်ဆင့်ဝေမျှခြင်း(Share) ဖြင့် အသစ်အသစ်သော ဖန်တီးမှုများပေါ်ထွက်ရေးကို အားပေးရန် တိုက်တွန်းပါသည်။
#BurmaHistory
#BurmaExplained
#BurmaMedia
#ဘားမားမီဒီယာ
#ရှေးဟောင်းပစ္စည်း
#ယဉ်ကျေးမှုအမွေအနှစ်