ချစ်မိုးစွေ ( ရွှေပြည်ဧ - ပြည်လှဖေ)
hmangyi
0:00 / 0:00
ချစ်မိုးစွေ ( ရွှေပြည်ဧ - ပြည်လှဖေ)
13 752 просмотра · 8 лет назад
hmangyi
12,7 тыс. подписчиков
13 752 просмотра · 8 лет назад
ချစ်မိုးစွေ
ရေး - ရွှေပြည်ဧ
ဆို - ပြည်လှဖေ
MP3 Download
Original Link-
http://www.mediafire.com/file/2lwvx5i...
His’s Master Voice
A1 recording
Phono Catalog number -A1F-146 OMH-6791 (41/8)(1-117)
ချစ်သူ ခင်ခင်ပျိုရယ် မေတ္တာတော်ကဲ စွဲမိပေါ့ကွယ် ခင့်ရူပါ လှပဂေးရယ်ကြောင့် ခဏလေးတောင် မှေးစက်မပျော်နိုင်အားတယ် …
(ရုပ်ချောသူရယ် လှရှာပါပေ့ကွယ် ယဉ်ယဉ်တယ် ခင်ခင်ရယ် ကောင်းခြင်းငါးဖြာကြွယ်) ၂ .. အသားတော်ဖြူပါလှတယ် စကားနော် ကြူကာဟမယ် .. အသနားခံတယ် ချစ်ခင်မှာလားလို့ ဆိုချင်တယ် ပျိုခင်ရယ် .. ရေလည်အောင် မောင်ကြံရွယ် မနောကရယ် ပြောပါ့ကွယ် ယုံကြည်စွာပဲ မျှော်လင့်မိပါတယ် စေတနာထားပါတော့ကွယ် အလှဖြူပြာ သူဇာခင်ခင်ရယ် …
(မြတ်နိုးသူရယ် အချစ်မိုးစွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် ..) ၂ .. သြော် .. မျက်မာန်တော် မငြိုးလိုက်ပါနဲ့ မျှော်ကိုးသူစောင့်စားလို့သာ မောင့်မှာနေမိတယ် ခင်ပျိုနှမရယ် ပင်ကိုယ်လှတယ် ရွှေအားတော်ငယ်ငယ် သနားစိတ်နဲ့ ချစ်စမ်းပါကွယ် …
(မျက်နှာလေး ထာဝစဉ်မောင်တွေးပါလို့ရယ် ကြည်ဖြူပါကွယ် အသည်းကစွဲလှတယ်) ၂ .. ချစ်တဲ့သူကလေးရယ် .. ကြိုက်တဲ့သူကလေးရယ် .. စားရင်လည်း ခင့်စိတ်ပါပဲကွယ် ကြင်နာဖွယ် .. ခင်ပါတယ် မောင့်စိတ်ထဲ ခင့်ကိုပဲ အချစ်ပန်းကပွင့်လန်းတယ် .. ပျိုသဇင်ညှာရယ် .. မငြိုငြင်ပါတယ် .. ကမ္ဘာတိုင်စွဲ မခွာနိုင်ဘဲ သဒ္ဓါခိုင်မြဲ အချစ်ဇောတွေက ပိုလှတယ် …
မြတ်နိုးသူ … ဝ … ဝ … ဝ … ချစ်စမ်းပါကွယ် … ။
Reference by
1-https://www.facebook.com/groups/49914...
2- မြန်မာနိုင်ငံ ဓာတ်ပြား သမိုင်း သုတေသနကျမ်း(သုတေသီ မောင်မောင်)