၁၇ နှစ်အတွင်း ဩဇာကြီးမားလာတဲ့ AA (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
၁၇ နှစ်အတွင်း ဩဇာကြီးမားလာတဲ့ AA (ရုပ်/သံ)
199 005 просмотров · 4 месяца назад
The Irrawaddy News
1,61 млн подписчиков
199 005 просмотров · 4 месяца назад
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ တော်လှန်ရေးစတင်တဲ့ ၂၀၁၉ ခုနှစ်က ရဲစခန်းတွေကိုပဲတိုက်ခဲ့လို့ ရဲတိုက်အဖွဲ့လို့ လှောင်ပြောင်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲအရှိန်အဟုန်ကို စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်တဲ့အထိ ဩဇာကြီးမားလာခဲ့ပါပြီ။
နယ်စပ်ဒေသ ပျောက်ကြားစစ်တွေကနေ အရှိန်ယူခဲ့ရာကနေ အခုဆိုရင် ရခိုင်မြေမှာအခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုပါ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အထိ စစ်တပ်ကို စစ်ရေးအရ အပြတ်အသတ် အနိုင်ယူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
AA ကိုစတင်တည်ထောင်တဲ့ ၂၀၀၉ ခုနှစ် ကစလို့ ၂၀၂၁၆ ဧပြီ ၁၀ ရက် သက်တမ်း ၁၇ နှစ်ပြည့်ချိန်မှာ ရခိုင်ပြည်နယ်တခုတည်းအတွက် မဟုတ်ဘဲ တပြည်ထောင်လုံးအတွက် မျှော်မှန်းတဲ့ AA ရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးစဉ်းစားချက်တွေကြောင့် ရခိုင်ပြည်သူတွေသာမကဘဲ ပြည်မဒေသကအင်အားစုတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှုကိုပါ တခဲနက်ရရှိလာတာကိုလည်း တွေ့မြင်ရပါတယ်။
တဖက်မှာလည်း တချိန်က ဝါရင့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အခြေချနိုင်ခဲ့တဲ့ AA ဟာအခုအခါမှာတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့လူငယ်တော်လှန်ရေးသမားတွေကို ပြန်လည်ပျိုးထောင်ပေးနေတဲ့ လက်ဦးဆရာဖြစ်လာခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #AA #၁၇နှစ် #နပခ #ရခိုင်ပြည် #အာရက္ခ #ရက္ခိတလမ်းစဉ် #နိုင်ငံရေး #WhathappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ / @irrawaddynews1993
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation