Перейти к содержимому

စစ်ကိုင်းကို စစ်တပ်က ဘယ်လိုပြန်တိုက်နေသလဲ (ရုပ်/သံ)

The Irrawaddy News

0:00 / 0:00

စစ်ကိုင်းကို စစ်တပ်က ဘယ်လိုပြန်တိုက်နေသလဲ (ရုပ်/သံ)

815 856 просмотров · 1 год назад
The Irrawaddy News
1,64 млн подписчиков
815 856 просмотров · 1 год назад
ဧရာဝတီ၊ ဩဂုတ် ၁၉၊ ၂၀၂၅ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်း စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကစတင်ခဲ့တာဖြစ်ပြီး တလကျော်ကြာလာပြီဖြစ်တဲ့ ဒီထိုးစစ်ဟာ စစ်ကိုင်းမြို့ပေါ်၊ မန္တလေး - စစ်ကိုင်း ထိစပ်နယ်မြေ နဲ့ စစ်ကိုင်း - ဝက်လက်တကြောက ဒေသတွေကို ဦးတည်နေတယ်လို့ စစ်ကိုင်း အခြေစိုက် တော်လှန်ရေး အင်အားစုတွေက ဧရာဝတီကို ပြောပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ စစ်ကိုင်းတိုင်း အတွင်း ပေါ်ပေါက်လာတဲ့ လက်နက်စွဲကိုင် တော်လှန်မှုတွေကို နှိပ်ကွပ်၊ ခြေမှုန်းဖို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေ၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကြမ်းဖက် ဖြိုခွင်း ဖျက်ဆီးခဲ့ပေမယ့်မအောင်မြင်ခဲ့ဘဲ နေရာအများစု လက်လွှတ်ခဲ့ရတာပါ။ ဒါကြောင့် လက်ရှိမှာ နယ်မြေစိုးမိုးနိုင်ဖို့ အတွက် ကြည်း၊ ရေ၊ လေ အသုံးပြုပြီး မြေပြင်ကနေရော ဝေဟင်ကနေပါ အင်အားသုံး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ကိုင်းတိုင်းထဲမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ရာနဲ့ချီ လှုပ်ရှားနေတာကြောင့် စစ်တပ်ဖော်ဆောင်နေတဲ့ စစ်ကိုင်းပြန်ထိန်းချုပ်နိုင်ရေး စစ်ဆင်ရေးဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေက မှတ်ချက်ပြုပါတယ်။ #မြန်မာ #ဧရာဝတီ #စစ်ကိုင်းတိုင်း #NUG #စစ်တပ် #WhathappensInMyanmar This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic. စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy