Перейти к содержимому

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁၅ ရက်

နေ့စဥ်ခွန်အား - Our Daily Bread Myanmar

0:00 / 0:00

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁၅ ရက်

2 724 просмотра · 1 день назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
12,8 тыс. подписчиков
2 724 просмотра · 1 день назад
သည်းခံပါ https://myanmar-odb.org/2026/09/15/be... ယနေ့ဖတ်ရန်ကျမ်းချက် ဧဖက်ဩဝါဒစာ ၄:၁-၆ https://odb-ministries.org/bible/mm/r...   / myanmar.odb     / ourdailybreadmyanmar   ထင်ဟပ်ဖော်ပြချက် သည်းခံပါ ဧဖက်အသင်းတော်သို့ ရေးသားပေးပို့သော သူ၏စာအစတွင် ရှင်ပေါလုက “... ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူပြီး၊ ... ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏”(၁း၄-၅-ခေတ်သုံး)ဟု ရေးသားကာ ဘုရားသခင် ကျွန်ုပ်တို့အား မည်မျှချစ်တော်မူကြောင်းကို သတိပေးခဲ့သည်။ ကျွန်ုပ်တို့နှင့် မထိုက်တန်သော ဤချစ်ခြင်း မေတ္တာတော်အတွက် “ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့်အညီ အထိုက်အလျောက် ကျင့်ဆောင်မည်အကြောင်း” (၄း၁)၊ ... “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံ သဖြင့် မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြလော့”(း၂)ဟု ရှင်ပေါလု နှိုးဆော်ခဲ့သည်‌။ ကျွန်ုပ်တို့သည် နှိမ့်ချခြင်းအရာ၌ “သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍၊ ... သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြ”ရပေမည် (ဖိလိပ္ပိဩဝါဒစာ ၂း၃-၄)။ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်ခြင်းအရာမှာ “အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြရန်၊ ခရစ်တော်သည် သင်အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြ”ရန် ဖြစ်သည် (ကောလောသဲဩဝါဒစာ ၃း၁၂-၁၃)။ “အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍ ငါတို့သည် ချစ်ခြင်းမေတ္တာတော်နှင့် ပြည့်စုံလျက်ရှိကြ”ခြင်းကြောင့် (ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄း၁၂)၊ အခြားသူများအပေါ် စိတ်ရှည်ခြင်းအားဖြင့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်ကို အခြားသူများအား ကျွန်ုပ်တို့ပြသနိုင်အောင် ဘုရားသခင် ကျွန်ုပ်တို့ကို ကူညီမစမည်ဖြစ်သည်။ စာရေးသူ K.T. Sim