ငါးပါးသီလ ကဗျာဆောင်ပုဒ်
စေတမန်
0:00 / 0:00
ငါးပါးသီလ ကဗျာဆောင်ပုဒ်
23 364 просмотра · 12 л. назад
စေတမန်
15,2 тыс. подписчиков
23 364 просмотра · 12 л. назад
သူ့အသက်ကို သိလျက်သားနဲ့၊ ဒေါသစိတ်ထား သေစေလို။
လုံ့လပြုကာ သေအောင်သတ်တော့၊ ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ရောဂါစွဲ၊ ဆင်းရဲ အသက်တို။
အဲဒါကြောင့် ပ ဉ္စသီလ တည်ကြပါစေလို။
သူ့ဥစ္စာကို သိလျက်သားနဲ့၊ လောဘစိတ်ထား ခိုးယူလို၊
လုံ့လပြုကာ ခိုးယူမိက၊ အဒိန္နာဒါန အကုသိုလ်၊
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း၊ ရောဂါစွဲ၊ ဆင်းရဲဖြစ်တိုင်းကိုယ်၊
အဲဒါကြောင့် ပ ဉ္စသီလ တည်ကြပါစေလို။
ရှောင်ရှားအပ်သူ မိန်းမများ၌၊ (ရှောင်ရှားအပ်သူ ယောက်ျားများ၌)
ရာဂစိတ်ထား ပေါင်းဖော်လို။
လုံ့လပြုကာ ဖောက်ပြားမိက၊ ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း နပုံးပဲ၊ ဖြစ်မြဲ မိန်းမကိုယ်။
အဲဒါကြောင့် ပ ဉ္စသီလ တည်ကြပါစေလို။
မဟုတ်မမှန် တစ်ဖက်သားကို၊ ယွင်းချွတ်လှည့်စား မုသားဆို။
အဓိပ္ပါယ်ကို ထိုသူသိက၊ မုသာဝါဒ အကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ပုပ်ညှီစွဲ၊ သွားကျဲ-နှုတ်ခမ်းတို။
အဲဒါကြောင့် ပ ဉ္စသီလ တည်ကြပါစေလို။
ယစ်မူးတတ်စွာ သေရည်များကို၊ မူးယစ်သောက်စား ဘိန်းရှူမျို၊
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊ သုရာပါန အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲကျမည်ဆို၊
လွတ်လာစေဦး လူမေ့မူး၊ အရူးဆက်တိုင်းကိုယ်၊
အဲဒါကြောင့် ပ ဉ္စသီလ တည်ကြပါစေလို။