“မြန်မာစစ်တပ်က ပရိုဖက်ရှင်နယ် စစ်တပ်မဟုတ်တော့ဘူး၊ ရာဇဝတ်ဂိုဏ်း လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်နေ...
Htet Aung Kyaw
0:00 / 0:00
“မြန်မာစစ်တပ်က ပရိုဖက်ရှင်နယ် စစ်တပ်မဟုတ်တော့ဘူး၊ ရာဇဝတ်ဂိုဏ်း လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်နေ...
65 803 просмотра · 2 г. назад
Htet Aung Kyaw
213 тыс. подписчиков
65 803 просмотра · 2 г. назад
“မြန်မာစစ်တပ်က ပရိုဖက်ရှင်နယ် စစ်တပ်မဟုတ်တော့ဘူး၊ ရာဇဝတ်ဂိုဏ်း လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်နေတာတွေ့ရတယ်”
ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)
(၃- ၄- ၂၀၂၄)
“လက်ရှိ မြန်မာစစ်တပ်ဟာ ပရိုဖက်ရှင်နယ် စစ်တပ်မဟုတ်တော့ဘူး၊ ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်နေတာတွေ့ရတယ်။ စစ်တပ်တခု လိုက်နာရမယ့် ကျင့်ဝတ်တွေကို မလိုက်နာတော့ဘူး။ လက်ရှိ ခေါင်းဆောင်မှုအောက်မှာ ဒါတွေကို ပြုပြင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အသစ်ပြန်တည်ဆောက်မှရမယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) က ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ နွေဦးတော်လှန်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
စစ်ကောင်စီဘက်က ရှုံးနေပြီး တော်လှန်ရေးအင်အားစုဘက်က အသာရနေပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...
မြန်မာစစ်တပ်ဟာ ကမ္ဘာမှာအဆိုးဆုံး စစ်တပ်- ကျင့်ဝတ်မဲ့တဲ့စစ်တပ် ဖြစ်နေပြီလား...
တော်လှန်ရေးအင်အားစုတွေဘက်မှာ ဗဟိုအမိန့်ပေးဌာန တည်ဆောက်ဖို့လိုအပ်နေပြီလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အသာစီးရလာနေတဲ့အဆင့်ကနေ အောင်ပွဲရတဲ့အဆင့်ကို ဘယ်လိုတက်လှမ်းနိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )