"ထမီကျွတ်၍ လွှတ်လိုက်မည်" (အစအဆုံး) စာရေးသူ - မောင်သာရ
Listener's Heaven Audiobooks
0:00 / 0:00
"ထမီကျွတ်၍ လွှတ်လိုက်မည်" (အစအဆုံး) စာရေးသူ - မောင်သာရ
2 767 просмотров · 1 год назад
Listener's Heaven Audiobooks
146 тыс. подписчиков
2 767 просмотров · 1 год назад
"ထမီကျွတ်၍ လွှတ်လိုက်မည်" (အစအဆုံး)
စာရေးသူ - မောင်သာရ
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၆ : ၁၂ : ၅၅ နာရီ
စာမြည်း
"ယောကျ်ားအချို့ နှင့် ပတ်သက်ဖူးသော
ယောကျ်ားအချို့ နှင့် ချစ်ကျွမ်းဝင်ဖူးသော
ယောကျ်ားအချို့ နှင့်မူ ခင်မင်ရုံမျှသာ ခင်မင်ဖူးသော
ယောကျ်ားအချို့ နှင့်မူ သိရုံမျှသာ သိဖူးသော
ယောကျ်ားအချို့ ကမူ ရက်စက်ခဲ့ဖူးသော
ယောကျ်ားအချို့ ကမူ ကြင်နာခဲ့ဖူးသော
သိုသော် * ယောကျ်ားအများ၏မျက်တောင်မွှေးပေါ်၌ စကြံန်လျှောက်ခဲ့ဖူးသော နိုင်ငံကျော်မိန်းမတစ်ယောက်၏ အကြောင်း"ဖြစ်တဲ့ ဆရာမောင်သာရရဲ့
"ထမီကျွတ်၍လွှတ်လိုက်မည် "ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်ရှင်။
ဆရာမောင်သာရကတော့ အများသိတဲ့အတိုင်း ဘဝသရုပ်ဖော်တွေရေးရာမှာ အရမ်းပြောင်မြောက်တဲ့ နိုင်ငံကျော်စာရေးဆရာဖြစ်သလိုပဲ ဒီစာအုပ်ထဲမှာဆိုရင်လည်း တက္ကသိုလ်ကျောင်းသားလူငယ်တို့ရဲ့ ချစ်ခြင်းမေတ္တာအငုံအဖူးမှသည် မိဘနဲ့သားသမိးတို့ရဲ့ သဘောဆန္ဒ ဆန့်ကျင်သွေဖယ်မှုတွေ၊ ကွဲလွဲကွာဟမှုတွေကြောင့် ချစ်ချင်တိုင်းလည်း မချစ်ရသောအဖြစ်နဲ့၊ ညားပေမယ့်လည်းမချစ်တဲ့ ဘဝတွေကို ဖြတ်သန်းကျင်လည်ခဲ့ရသော မသည်းအူနဲ့
မသည်းအူကိုမှ တမ်းတမ်းတတ မြတ်နိုးချစ်ကြင်ခဲ့တဲ့ မောင်မောင်မျိုးညွှန့်ဆိုတဲ့ လူငယ်လေးတို့ရဲ့ နာကျင်လွမ်းမောရမှု၊ နာကျည်းဝမ်းနည်းမှု၊ အနိုင်ယူစွန့်စားလိုမှု၊ လွမ်းဆွတ်ကြေကွဲမှုတွေကို တလှိက်တလှဲ ခံစားခဲ့ရသလို။
ချိုမြိန်ကြည်မြဖွယ်ဘဝမှ ခါးသီးနောက်ကျိစရာဘဝအချိန်နှစ်ခုကို
ဘယ်လိုတွေ ဖြတ်သန်းလို ဘယ်လိုတွေဆုံးဖြတ် အဆုံးသတ်ခဲ့တယ်ဆိုတာကို
ဆရာမောင်သာရက
ကဗျာလေးတွေနဲ့ရောပြီး လှလှပပ ခြယ်မှုန်းဖွဲသီထားတာပဲ ဖြစ်ပါတယ်။
ဒါ ကြောင့်ပဲ ဒီအသံစာအုပ်ကို စာချစ်သူတို့ နာဆင်ခံစားကြည့်ပါ။ ကျေနပ်စွာနဲ့ နားဆင်ရမှာကတော့ သေချာပါတယ်ရှင်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...