ပဲခူးရိုးမတောနက်ကြီးတွေထဲမှာ နေထိုင်ကြတဲ့ မိသားစုဘဝများ
myanmaradventure traveler
0:00 / 0:00
ပဲခူးရိုးမတောနက်ကြီးတွေထဲမှာ နေထိုင်ကြတဲ့ မိသားစုဘဝများ
478 915 просмотров · 3 года назад
myanmaradventure traveler
76,2 тыс. подписчиков
478 915 просмотров · 3 года назад
ဒီတစ်ခေါက် ပဲခူးရိုးမထဲ ဒုတိယအကြိမ် ခရီးထွက်ခဲ့ပြန်ပါတယ်။ အခုတစ်ကြိမ်ကတော့ ပဲခူးရိုးမတောနက်တွေထဲမှာ ဝမ်းစာရှာဖွေနေကြတဲ့ မိသားစုတွေရဲ့ ဘ၀ကို ဗဟုသုတရစေရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဒီမိသားစုတွေဟာ တောခေါင်ခေါင်ထဲမှာ မိသားစုလိုက်နေထိုင်ကြပြီး၊ တောင်ယာလုပ်ငန်း၊ မီးသွေးဖုတ်လုပ်ငန်းနဲ့ အမဲလိုက်ခြင်းတွေကို လုပ်ကိုင်ကြပါတယ်။ ရိုးသားတဲ့ ကရင်တိုင်းရင်းသားတွေဖြစ်တာနဲ့အ
ညီ အရမ်းကို ဖြူစင်သဘောကောင်းကြပါတယ်။
အများစုကတော့ ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာနဲ့ ရိုးရာကရင်နတ်စား ကိုးကွယ်တဲ့ မိသားစုတွေလည်း ရှိကြပါတယ်။ ရိုးမထဲ မွေးဖွားလာကြတဲ့ လူတွေပီပီ တောကျွမ်းပြီး အမဲလိုက်တာလည်း တော်ပါတယ်။ ကရင်ရိုးရာ ဒူးလေးကို တဲတိုင်းမှာဆောင်ထားပြီး ဒူးလေးပစ်တာလည်း အရမ်းကို လက်ဖြောင့်ပါတယ်။ သူတို့ရဲ့ဘ၀ကို တောထဲမှာ တောင်ယာခုတ်၊ တောတိုးရင်း နစ်မြုပ်ထားကြပေမယ့်လည်း သူတို့ရဲ့ မျိုး
ဆက်တွေအတွက်တော့ ကိုယ်စီမျှော်လင့်ချက်လေးတွေ ရှိကြတာကိုလည်း သိမြင်ခဲ့ရပါတယ်ခင်ဗျာ။
#BagoYoma #HiddenVillage #myanmaradventuretraveller #ခရီးသွားဧည့်သည် #traveller